နောက် ၄ ရက်အကြာမှာ ဇာတ်ညွှန်းဖတ်ပွဲစတင်တယ်။ ဒါရိုက်တာရဲ့ ဒုတိယမြောက် ရိုက်ကွင်းဖြစ်ပြီး ဇာတ်ကားထဲက ဇာတ်ကောင် အာ့လဲ့ယောင်အတွက် ရှောင်းကျန့် ရသွားတယ်။ ဖန်းချန်တယောက် ဘယ်လိုတွေ လုပ်လိုက်တယ်မသိ။ ဒီလိုကိစ္စတွေဟာ ဒီလောကထဲမှာတော့ ပုံမှန်ပါပဲ။
ရှောင်းကျန့် ရောက်သွားတဲ့အချိန်မှာ ရင်းနှီးတဲ့မျက်နှာတချို့ကို တွေ့ရတယ်။ ဖန်းချန်က သူ့ကို စိတ်လှုပ်ရှားမှုမရှိအောင် လုပ်ပေးတယ်။ တကယ်တော့ သူ့ဘဝမှာ စိတ်ဖိစီးမှု အဖြစ်ရဆုံး အခိုက်အတန့်ဟာ သူ ဝမ်ရိပေါ်ကို ပထမဆုံးအကြိမ် သွားတွေ့ခဲ့တဲ့အချိန်ပါပဲ။ သူ့ Idol ကို ပြိုင်ပွဲမှာ တွေ့ဆုံခွင့်ရတဲ့အချိန်က လွဲရင်ပေါ့။
သူ ဇာတ်ကားရိုက်ဖြစ်တိုင်း စိတ်လှုပ်ရှားရတယ်။ နည်းနည်းလည်း ရှက်စိတ်ဖြစ်မိတယ်။ သူ စဉ်းစားနေတာက သူဟာ ဒီအလုပ်နဲ့ တကယ်ပဲ သင့်တော်ရဲ့လားလို့ပေါ့။
ပရော်ဖက်ရှင်နယ်ဆန်တဲ့ သရုပ်ဆောင် မင်းသား၊ မင်းသမီးဆိုတာ ပွင့်ပွင့်လင်းလင်းပြောရရင် နည်းနည်း အရှက်ကင်းမဲ့ရတယ်။ ပြီးတော့ နိုင်ငံခြားတွေမှာလည်း ထုတ်လွှင့်ဖို့ လိုအပ်တယ်။
အချိန်တော်တော်များများမှာ သူတွေးမိတာက သရုပ်ဆောင်တယ်ဆိုတာ အလိုအလျောက် သိတတ်မှုအပေါ်မှာ အခြေမခံဘူး။ ဒါပေမဲ့ ရုတ်တရက် ကိုယ့်ကိုကိုယ် ဇာတ်ကောင်အပေါ်မှာ စီးမျောလိုက်တာဖြစ်တယ်။ ကင်မရာရှေ့မှာ ရောက်နေတဲ့သူဟာ လုံးဝ သူကိုယ်တိုင် မဟုတ်ဘူး။ အဲ့တော့ သူကိုယ်တိုင်အတွက် စိတ်လှုပ်ရှားနေစရာမလိုဘူး။
လဲ့ယောင်ကာရိုက်တာမှာ သူဟာ မိစ္ဆာရဲ့ ထိန်းချုပ်မှုကို မခံရခင်ကဆို ထက်မြက်ပြီး ပျော်ပျော်နေတတ်တဲ့ ကောင်လေးတယောက်ဖြစ်တယ်။ သူ့တကိုယ်လုံးမှာ ယုံကြည်ချက်တွေနဲ့ ပြည့်နေတယ်။ နောက်ပိုင်းတွေမှာ မိသားစုကြား အမုန်းတရားတွေကြောင့် သူဟာ အထင်လွဲခံရပြီး သူ သဘောကျတဲ့အရာတွေကို စွန့်လွှတ်ခဲ့ရတယ်။ ပြီးတော့ ကျိန်စာတိုက်ခံခဲ့ရတယ်။ ရှုပ်ထွေးမှုက ပိုပိုဆိုးလာပြီး အချစ်ကြောင့်နဲ့ပဲ မိစ္ဆာရဲ့လက်အောက် ကျရောက်သွားတော့တယ်။
YOU ARE READING
Lion Heart ||Completed||