- 22 -

5.7K 718 26
                                        

ဝမ်ရိပေါ် ဖုန်းချလိုက်တဲ့အချိန်မှာ ရှောင်းကျန့်က ဆိုဖာပေါ် မှီထိုင်ရင်း သမ်းဝေနေတာကို တွေ့သွားတယ်။ အရက်ပြင်းပြင်းသောက်ထားပြီး ခရီးပန်းထားတာမို့ သူ့မျက်ကွင်းတွေ ချောင်ကျနေတယ်။

"အိပ်ရာပေါ်သွား အိပ်ရာပေါ်သွား"

ဝမ်ရိပေါ်က ရှောင်းကျန့်ပခုံးကို ခပ်ဖွဖွပုတ်လို့ ပြောတဲ့အခါ ရှောင်းကျန့်က ပါးစပ်ကို လက်နဲ့ကာရင်း ခေါင်းခါတယ်။

"စကားကို နားထောင်။ မင်းကို မနှိုးတော့ဘူး"

ရှောင်းကျန့်က ဒီအတိုင်းရေချိုးပြီးတာနဲ့ အိပ်ရာထဲကို လှိမ့်ဝင်တယ်။ သူ့ကိုယ်ကို စောင်နဲ့ လုံးပတ်လိုက်ပြီး ပိုးတုံးလုံးလေးလို နှစ်ပတ်လောက် လှိမ့်လိုက်တယ်။ သူ့အသားက နူးညံ့တဲ့မွေ့ယာသားနဲ့ထိသွားတာနဲ့တပြိုင်နက် သူ့ကိုယ်ထဲမှာ အရိုးတွေ မရှိတော့သလိုပဲ။ တဖြည်းဖြည်းနဲ့ အိပ်မက်ထဲ တိုးဝင်ခါနီးမှာ ရုတ်တရက် သူ့ဘေးက အိပ်ရာခင်းက အိကျသွားတယ်။ ဝမ်ရိပေါ်က သူ့ဘက်ကို စောင်ဆွဲယူတဲ့အခါ သူ့ခန္ဓာကိုယ်က အလိုအလျောက် ဝမ်ရိပေါ်ရဲ့ ရင်ခွင်ထဲ ရောက်သွားတယ်။

"အိပ်တော့"

ဝမ်ရိပေါ်က သူ့ကို ဆက်မလှိမ့်တော့အောင် တင်းတင်းဖက်လိုက်တယ်။ ရှောင်းကျန့် သူ့တင်ပါးကို ဟိုဒီ တွန့်လိုက်သေးတယ်။ အနောက်ကနေ ဖိကပ်ခံလိုက်ရတဲ့နောက် ဒေါသထွက်မလို ဖြစ်တဲ့အချိန်မှာ ဝမ်ရိပေါ်က သူ့ကို လည်ပင်းအောက်ကနေ သိုင်းဖက်လိုက်ပြီး သူ့ရင်ခွင်ထဲ ထည့်လိုက်တယ်။

နွေးထွေးတဲ့အာငွေ့နွေးနွေးနဲ့အတူ ညင်သာတဲ့အသံလေးက သူ့နားနောက်ကို လာထိတွေ့တယ်။

"ခဏနေရင် အဆင်ပြေသွားလိမ့်မယ်။ ဘာမှမပူနဲ့။ အိပ်တော့။ ငါ မင်းနဲ့အတူ အိပ်ပေးမယ်"

*

ရှောင်းကျန့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတယ်။ ကျက်ရမယ့် ဒိုင်ယာလော့တွေအကြောင်း ပူစရာမလိုဘူး။ ငိုရမယ့်အခန်းတွေအတွက် ကြောက်နေစရာမရှိဘူး။ ရိုက်ကွင်းထဲက ဆူညံတဲ့ စက်ပစ္စည်းသံတွေ မကြားရဘူး။ ပြီးတော့ ဘာအိပ်မက်မှလည်း မမက်ခဲ့ဘူး။

Lion Heart ||Completed||Where stories live. Discover now