- 89 -

3.7K 509 15
                                        

လုပ်စရာရှိတဲ့ ကိစ္စတွေအကြောင်း ပြောရမယ်ဆိုရင်တော့ ဝမ်ရိပေါ်မှာ လုပ်စရာတွေ အများကြီး ရှိနေတယ်။

သူ အဖိုးကြီးနဲ့ ယှဉ်ပြိုင်ဖို့ တွေးထားခဲ့တာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်ကတည်းက ဖြစ်ပြီး Industries တော်တော်များများမှာ တခုပြီးတခု မြှုပ်နှံထားခဲ့တယ်။ အပေါ်ယံအမြင်မှာတော့ လျို့မင်းဆန်က ဒါတွေကို ကူညီလုပ်ကိုင်ပေးနေတာဆိုပေမဲ့ နောက်ကွယ်မှာတော့ အမြတ်ငွေတွေ၊ ခွဲဝေမှုတွေဟာ ရှောင်းကျန့်ရဲ့နာမည်နဲ့ ဆက်နွယ်နေတာဖြစ်တယ်။

အစပိုင်းမှာတုန်းက သူ ဒီလောက်ထိ ရှည်ရှည်ဝေးဝေး တွေးမထားခဲ့ဘူး။ ရှောင်းကျန့်ရဲ့နာမည်က ပတ်သက်ခြင်းရှိမနေနဲ့ အပြင်လူတယောက်ဖြစ်နေတဲ့အခါ လွယ်လွယ်နဲ့ ဖော်ထုတ်လို့ ရမှာ မဟုတ်ဘူး။ ကျန်းရှန်က သူ့ဟာသူ ဆက်လှုပ်ရှားနေတယ်။ တောင်ပေါ်အိမ်ကိုတော့ အားဆန်နာမည်အောက်ကနေ အငှားချထားတယ်။ အစကတည်းက သူဟာ အန္တရာယ်အရှိဆုံးကို လုပ်ချင်ခဲ့တာဖြစ်တယ်။ ဒါပေမဲ့ အဆုံးသတ်မှာတော့ သူ လျှို့ဝှက်ပဲ ထားလိုက်တော့တယ်။

သူ အဖိုးကြီးကို come out လုပ်ပြီး ဖွင့်ပြောပြခဲ့လို့ သေလောက်အောင် အရိုက်ခံခဲ့ရတာတောင် နာမည်ကို ပြောပြခဲ့တာ မဟုတ်ဘူး။

ဟိုးအရိုးထဲကနေထိတောင် ဆန့်ကျင်ချင်တဲ့စိတ်တွေ ဘာလို့ဖြစ်နေမှန်း သူမသိဘူး။ တရားနည်းလမ်းကျကျ ပြောရရင် အဖိုးကြီးက သူ့အပေါ် ကြင်နာပါတယ်။ ဘယ်လိုပဲပြောပြော သူက တဦးတည်းသောသားမလား။

ဒါတွေကို မစဉ်းစားခင်မှာ သူဟာ သူ့အဖေလိုမျိုး မဖြစ်ချင်ခဲ့လို့ပဲ ဖြစ်ပါလိမ့်မယ်။

ဒါပေမဲ့ တကယ့်အမှန်မှာတော့ လူတွေဟာ သူတို့အဖေရဲ့ ခြေလှမ်းအတိုင်း လျှောက်ကြတာများတယ်။ မသိစိတ်ကနေ သူတို့ဟာ တူညီတဲ့လမ်းပေါ်ပဲ လျှောက်တတ်ကြတယ်။

အဖိုးကြီးက အိမ်ခြံမြေဈေးကွက်တွေ၊ ဖျော်ဖြေရေးလောကတွေမှာ ရင်းနှီးမြှုပ်နှံထားတယ်။ သူက စားသောက်ဆိုင်၊ အွန်လိုင်းကြော်ငြာ ပလက်ဖောင်းနဲ့ သတင်းအချက်အလက်နည်းပညာဆိုင်ရာတွေမှာ ရင်းနှီးမြှုပ်နှံထားတယ်။

Lion Heart ||Completed||Where stories live. Discover now