"ဟိုင်း ဟလို!"
ရှောင်းကျန့် စကားတွေ ထစ်အသွားတယ်။ သူ့လျှာက လေဖြတ်သွားသလိုပဲ။
"ဟိုလေ... အန်တီက..."
"ရှူး"
မစ္စရှစ်ယွီက သူ့ကို လက်ဟန်အမူအရာ လုပ်ပြတယ်။
လေယာဉ်မယ်လေးတွေ အနားလျှောက်လာတာမို့ ရှောင်းကျန့်လည်း တိတ်တိတ်နေပေးလိုက်တော့တယ်။
ဝိတ်ထိန်းဖို့ လိုတာမို့ ရှောင်းကျန့်က လေယာဉ်ပေါ်က အစားအသောက်တွေ မစားဘူး။ ပြီးတော့ ဘေးလူတွေ စောင့်ကြည့်တာကနေ ရှောင်ဖို့အတွက် လေယာဉ်ပေါ်က ပေးတဲ့စောင်နဲ့ သူ့ကိုယ်သူ အလုံထုပ်ပြီး အိပ်နေတတ်တယ်။
ဒါပေမဲ့ ဒီနေ့မှာတော့ သူ မနေတတ် မထိုင်တတ်ဖြစ်နေတယ်။ သူ ငယ်ငယ်တုန်းက တီဗွီမှာ အမြဲကြည့်ခဲ့ရတဲ့ မင်းသမီးကြီးက အခု သူ့ဘေးမှာ ထိုင်နေတယ်။ ရှောင်းကျန့်မှာ သူ့အဖေနဲ့ အမေကို ချက်ချင်း ဖုန်းဆက်ပြီး ငယ်ငယ်က ကြည့်ခဲ့တဲ့မင်းသမီးကြီး သူ့ဘေးမှာ ထိုင်နေကြောင်း ဖောက်သည်ချပစ်လိုက်ချင်တယ်။
တော်သေးတာက လက်ထောက်အသစ်ဟာ အလုပ်လုပ်တဲ့နေရာမှာ စေ့စပ်သေချာတယ်။ ရှောင်းကျန့်မှာ လေယာဉ်ပေါ် မအိပ်ရဲတော့ဘူး။ အပိုစောင်တွေ ရပေမဲ့ သူ့အိတ်ထဲမှာ စာအုပ်ပါတယ်။ ရှောင်းကျန့် သူ့နေကာမျက်မှန်ကို ချွတ်လိုက်တယ်။ ဦးထုပ်ကို ခပ်ငိုက်ငိုက်ဆောင်းလိုက်ရင်း စာအုပ်ထုတ်လိုက်တယ်။ စာအုပ်ဖတ်နေပေမဲ့ ဘေးကလူဆီက သူ့ကို တချက်တချက် လှမ်းလှမ်းကြည့်နေမှန်း သူ သတိထားမိနေတယ်။
ရှောင်းကျန့် လှည့်ကြည့်ပြီး သတိနဲ့ ခေါင်းညိတ်ပြလိုက်တယ်။ သူ ထင်ယောင်ထင်မှား ဖြစ်နေတာမဟုတ်ဘူး။ မစ္စရှစ်ယွီဟာ သူ့ကို ကြည့်နေတာဖြစ်တယ်။ သူမမျက်လုံးတွေက သူ့အပေါ်မှာပဲ ရှိနေပြီး မျက်လုံးချင်း ဆုံသွားတယ်။ ရှောင်းကျန့်မှာ သူ့လက်ထဲက စာအုပ်ကို အမြန်ပိတ်ပြီး မစ္စရှစ်ယွီကို ပြုံးပြလိုက်တယ်။
"နှောင့်ယှက်သလို ဖြစ်သွားလား?"
"မဟုတ်တာ။ မဟုတ်တာ။ ဘယ်လိုလို့ဖြစ်မှာလဲ"
YOU ARE READING
Lion Heart ||Completed||