စားသောက်ခန်းမက ထွက်တာနဲ့ လက်ထဲက ဒိန်ချဉ်ဘူးကို ရှောင်ချောင်းပေးလိုက်ပြီး လွှင့်ပစ်ဖို့ ပြောလိုက်တယ်။ နည်းနည်းပဲ လျှောက်ရသေးတယ်။ လုရှို့မင်နဲ့ ကျန်းကျားချင်က နောက်က လိုက်လာတယ်။
"အရမ်းပျော်ဖို့ ကောင်းတာပဲ"
ကျန်းကျားချင်က နောက်မှာ အားပေးနေတဲ့ လုရှို့မင်ရဲ့ ဖန်တွေကို ကြည့်လို့ နောက်လိုက်တာဖြစ်တယ်။
"မစ္စတာလုက နာမည်ကြီးတယ်!"
ရှောင်းကျန့်လည်း ခေါင်းညိတ်ပြပြီး လှမ်းကြည့်လိုက်တယ်။ ဒီနေ့မှာ သတင်းတွေကို လွတ်လပ်ခွင့်ပေးထားတာမို့ ဖန်တော်တော်များများက အစုအဖွဲ့နဲ့ လာကြတယ်။ အဲ့ထဲမှာမှ လုရှို့မင်နဲ့ ယွီဟွမ်ယွင်ရဲ့ဖန်တွေက အများဆုံးဖြစ်တယ်။ လုရှို့မင်ရဲ့ ဖန်တွေက သေချာ စနစ်တကျနဲ့ လာရုံတင်မဟုတ်ဘူး။ staff တွေအတွက် food truck နဲ့ လက်ဆောင်တွေပါ ပြင်ပေးထားပြီး ပစ္စည်းတွေကို စားပွဲရှည်ကြီးနဲ့ တင်ထားတယ်။
မျက်စိလျင်တဲ့ဖန်တချို့က သူတို့ထွက်လာတာ တွေ့တာနဲ့ အဝေးကနေ အော်ကြတော့တာပဲ။ ကျန်းကျားချင်မှာ စကတ်မလို့ ရှောင်းကျန့်နောက်ကို အမီလိုက်တယ်။
ရှောင်းကျန့်က သူမကို ဘာပါလိမ့်ဆိုတဲ့အကြည့်နဲ့ ကြည့်တယ်။ လုရှို့မင်ကလည်း နောက်က အမြန်လိုက်လာတာမို့ သူတို့နှစ်ယောက်ကြား ရှောင်းကျန့် ရောက်သွားတော့တယ်။
ရှောင်းကျန့်စိတ်ထဲ သူ့ခေါင်းပေါ်မှာ Question Marks တွေ တန်းစီနေသလိုပဲ။
"ဟိုမှာ ဖန်တွေ ဓါတ်ပုံရိုက်နေတယ်"
ကျန်းကျားချင်က ပြောတာဖြစ်တယ်။
"ကျမ ဆရာလုရဲ့ အရှိန်ကို မယူချင်လို့ပါ"
"ငါရောပဲ..."
ရှောင်းကျန့်က ပြုံးတယ်။
"မင်းနဲ့ငါက ဒီနေ့ တဖွဲ့တည်းမဟုတ်ဘူးလေ"
"ငါတို့ ယောက်ျားနှစ်ယောက်ကြား ဖြစ်တာတွေက ဓါတ်ပုံရိုက်ခံရလောက်နိုင်လား?"
လုရှို့မင်က ပြောပြောဆိုဆိုနဲ့ ရှောင်းကျန့်လက်ကို လှမ်းဆွဲပြီး ဖန်တွေဘက်လှည့်လို့ လက်ပြတဲ့အခါ အော်ဟစ်သံတွေ ပိုဆူညံသွားတယ်။
YOU ARE READING
Lion Heart ||Completed||