- 69 -

3.7K 509 29
                                    

"ထူးဆန်းတယ် ဝမ်ရိပေါ်"

"ဘာတွေထူးဆန်း?"

"အခု ငါတို့ အတူတူအိပ်နေတယ်။ ငါ့လက်က မင်းမျက်နှာကို ထိလို့ရတယ်။ မင်းရဲ့ အသက်ရှူသံနဲ့ မင်းရဲ့ နှလုံးခုန်သံကို ခံစားရမိနေတယ်။ ဒါပေမဲ့ ဘာလို့များ မင်းဟာ သဲကန္တာရကြီးထဲ အကြာကြီး‌ လမ်းလျှောက်လာခဲ့သလို ခံစားနေရတာလဲ။ မင်းက သဲကန္တာရထဲ ရောက်နေသလိုမျိုး။ ငါတို့ တယောက်နဲ့တယောက် နားမလည်ခဲ့တဲ့နှစ်တွေကို ငါ လက်လွတ်ခဲ့မိတာ မှားနေခဲ့တာလား?"

"ဘာမှမမှားပါဘူး"

ဝမ်ရိပေါ်က သူ့မျက်ရည်တွေကို လက်မလေးနဲ့ သုတ်ပေးတယ်။

"မငိုနဲ့။ မငိုနဲ့။ ငါ မှားတယ်လို့ မခံစားရပါဘူး။ တကယ်ပြောတာ။ ပြီးသွားခဲ့သမျှ အချိန်တွေ အကုန်လုံးက အဓိပ္ပါယ်ရှိတာတွေချည်းပဲ။ ငါ ပြောခဲ့ဖူးသလိုပေါ့...။ မင်းက မင်းသားလေး။ ငါက မြေခွေးလေး။ မင်းသာ အချိန်ယူပြီး ငါ့ကို ယဉ်ပါးအောင် လေ့ကျင့်မပေးခဲ့ရင် မင်းက ငါ့အတွက် အရမ်းအရေးပါတဲ့လူလို့ ဘယ်လိုလို့ တွေးမိတော့မှာလဲ?"

ရှောင်းကျန့်စိတ်ထဲ သူဟာ အရူးနဲ့ တူနေသလိုပဲ။ ငိုရင်း ရယ်နေတယ်။

"မင်းက အဲ့လောက်စကားပြောကောင်းမှန်း အရင်က ငါ ဘာလို့မသိခဲ့ရတာပါလိမ့်?"

"အယ်? ဒါကို စကားပြောကောင်းတယ်ခေါ်တယ်လား? ငါ မင်းကို နောက်ထပ် နှစ် ၁၀၀၀၀ ချစ်မယ်လို့တောင် ကတိမပေးရသေးဘူး။ အဲ့လိုသာဆို ရယ်ရတယ်ထင်မှာစိုးလို့"

ဝမ်ရိပေါ်မှာ ကြည်တောက်နေတဲ့ မျက်ဝန်းအိမ်လေးတွေ ရှိတယ်။ သူတို့တယောက်နဲ့တယောက် မျက်လုံးချင်းဆိုင်မိတဲ့အခါတိုင်း တယောက်ရဲ့စိတ်ရင်းကို တယောက်က ခံစားရမိနိုင်တယ်။ အတိအကျပြောရရင် သာမာန်အချိန်တွေမှာ စကားလှလှတွေ မပြောတတ်ပေမဲ့ ဒီနေ့ရဲ့ စကားတွေကတော့ တကယ်ကို စိတ်ရင်းနဲ့ပြောတာမှန်း သိသာနေတယ်။

ရှောင်းကျန့် ယုံပါတယ်။ ဒါဟာ အချစ်ရဲ့ ခဏတာ တိုတောင်းတဲ့အချိန်လေးဆိုရင်တောင်မှပေါ့။ ဒါပေမဲ့ ဒီအခိုက်အတန့်မှာ ဝမ်ရိပေါ် မညာဘူးဆိုတာ သူသိနေတယ်။

Lion Heart ||Completed||Where stories live. Discover now