နောက်နေ့မနက်မှာ ရှောင်းကျန့်ဟာ ဝမ်ရိပေါ်ကြောင့် အိပ်ရာနိုးသွားခဲ့တယ်။ မနက်စောစောစီးစီး ဝမ်ရိပေါ်ရဲ့ဟာက သူ့ပေါင်ကြားမှာ ပွတ်တိုက်နေတယ်။ သူ လုံးလုံး မနိုးသေးခင်မှာပဲ အဲ့ဒီအရာဟာ သူ့တင်ပါးနှစ်ခုကြား တိုးဝင်လာတော့တယ်။
ဝမ်ရိပေါ်က သူ့ကို ဆွဲလှည့်ပေမဲ့ သူ စိတ်တိုသွားတာမို့ လူတကိုယ်လုံးကို စောင်တွေကြား တိုးဝင်လိုက်ပြီး အနောက်ကို လှည့်ဖို့ ငြင်းဆိုနေခဲ့တယ်။ သူ့မျက်နှာကို ခေါင်းအုံးထဲ မြှုပ်နှံလိုက်ပြီး ခပ်တိုးတိုး ညည်းညူမိတယ်။ သူအသံ ခပ်တိုးတိုးက အနောက်ကလူရဲ့အသည်းကို ခပ်ဖွဖွ ကုတ်ခြစ်နေသလိုပဲ။ ဝမ်ရိပေါ်ဟာ ရှေ့ကို ကိုင်းချလာပြီး သူ့မျက်နှာကို ဆွဲလှည့်တယ်။ သူ့မျက်နှာအမူအရာတွေဟာ ဆုပ်ခြေထားတဲ့ စက္ကူရွက်လေးလို တွန့်ရှုံ့နေတယ်။ ဆွဲလှည့်ခံရတဲ့အချိန်မှာ မနက်ခင်း နေရောင်ခြည်ကို မျက်နှာမူလိုက်ရတာမို့ သူ့လေသံကို ဆွဲပြီး ကလေးလေးတယောက်လို ချွဲပြောလိုက်တယ်။
"အာ~ မင်း ဘာလုပ်--"
"မင်းကို လုပ်တာလေ"
ဝမ်ရိပေါ်ရဲ့လေသံမှာ ပြုံးရိပ်ယောင်လေးပါနေတယ်။ စိုစွတ်နွေးထွေးတဲ့ထွက်သက်တွေက သူ့နားသီးဖျားလေးကို ထိတွေ့သွားတယ်။ ဝမ်ရိပေါ်ရဲ့စကားကို ကြားတဲ့အခါ ရှောင်းကျန့်ရဲ့နှလုံးသားက တဖျစ်ဖျစ် မြည်သွားသလို ခံစားလိုက်ရပြီး ခါးအောက်ပိုင်းကို တင်းကြပ်လိုက်မိတယ်။
နှစ်ယောက်သား တနာရီကျော်လောက် သောင်းကျန်းတယ်။ ရေပူစမ်းမှာ ရေသွားချိုးပြီးတဲ့နောက်မှာတော့ မနက်ခင်း ကုန်ဆုံးသွားတော့တယ်။
နေ့လယ်စာ စားပြီးတဲ့နောက်မှာ ရှောင်းကျန့်က အိပ်ချင်လာပြန်တယ်။ သူ့အားလပ်ရက်ဟာ ရှုပ်ပွနေတာပဲ။ သူ အိပ်ရာနိုးတဲ့အချိန်မှာ လူဆိုးကောင်က ထွက်ခွာသွားပြီဖြစ်တယ်။ မသွားခင် သူ့အတွက် ခါးနှိပ်ပေးဖို့ အနှိပ်သည် ဝန်ဆောင်မှု ခေါ်ပေးသွားခဲ့တယ်။
တတိယမြောက်နေ့ ရေပူစမ်းအိမ်မှာ ရှောင်းကျန့် တယောက်တည်း နေဖြစ်ခဲ့တယ်။ အဲ့ဒီ့နောက် ကားကို ဖုန်းဆက်ခေါ်ပြီး လေဆိပ်ရှိရာ တိုက်ရိုက်သွားတဲ့အခါ ရှောင်ချောင်းနဲ့ လေဆိပ်မှာဆုံတယ်။
YOU ARE READING
Lion Heart ||Completed||