- 16 -

5.3K 725 21
                                        

ရှောင်းကျန့် ရေချိုးပြီးတာနဲ့ အတွင်းရေးမှူးကျန်းကို ဖုန်းဆက်လိုက်တဲ့အခါ ဝမ်ရိပေါ်က မင်းယောင်ဟိုတယ်ကို ပြန်သွားပါပြီတဲ့။ ဒီနေ့ အချိန်ပို လုပ်စရာမရှိဘူးပြောတယ်။

သူ အိပ်ရာပေါ်မှာ ဟိုလှိမ့် ဒီလှိမ့်လုပ်တယ်။ နောက်ခံအနေအထား မြင်ကောင်းအောင် ပုံစံ အမျိုးမျိုး ပြောင်းပြီး သူ့မျက်နှာရဲ့ ကြည့်အကောင်းဆုံး ပုံစံဖြစ်အောင် ချိန်တယ်။ ပြီးတာနဲ့ အိပ်ရာပေါ် ဝမ်းလျားမှောက်ထားရင်း ဝမ်ရိပေါ်ကို ဗီဒီယိုကော ခေါ်လိုက်တယ်။

ဖုန်းတဖက်က ချက်ချင်းကိုင်တယ်။ အဲ့ဒီ့နောက် ဖုန်း screen ပေါ်မှာ ပေါ်လာတာက အနက်ရောင် အဝတ်အစားပုံကြီးဖြစ်တယ်။ အဲ့ဒီ့နောက် ဖုန်းက အပေါ်ရောက်သွားတယ်။ ရှောင်းကျန့် သူ့မျက်ခုံးကို မြှင့်လို့ ကြည့်တဲ့အခါ ဝမ်ရိပေါ်ရဲ့ မေးစေ့ပေါ်လာတယ်။ အဲ့အတိုင်း စက္ကန့်အနည်းငယ်လောက် ရပ်နေပြီးမှ ဝမ်ရိပေါ်က ခေါင်းငုံ့ပြီး ကင်မရာကို ကြည့်တယ်။

ချောင်းဆိုးနေတယ်။ ပြီးတော့ ပြောတဲ့စကားသံမှာ နှာသံပါနေတယ်။

"ဘာဖြစ်လို့လဲ?"

"မင်း အအေးမိနေတာလား?"

"မိုးရွာနေတယ်လေ"

ဝမ်ရိပေါ်က ခေါင်းကို တဖက်လှည့်ပြီး သူ့နှာခေါင်းကို ပွတ်တယ်။

"နည်းနည်းအေးတယ်"

အပွတ်ခံထားရလို့ နည်းနည်းရဲနေတဲ့ နှာသီးဖျားလေးကို ရှောင်းကျန့် ကြည့်နေမိတယ်။ ဒီလိုရှုထောင့်ကနေကြည့်ရတာ နည်းနည်းတော့ ထူးဆန်းတယ်။

သူ့မှာ ကြည့်ကောင်းဖို့အတွက် ဖုန်းကို အကြိမ်ပေါင်းများစွာ နေရာချတယ်။ ဒါပေမဲ့ ဝမ်ရိပေါ်က လုပ်စရာမလိုဘူး။ ဒီလို ခပ်နိမ့်နိမ့် ငုံ့ကြည့်နေတဲ့ပုံစံနဲ့လည်း ဝမ်ရိပေါ်က ကြည့်ကောင်းပြီး ချောနေတာပါပဲ။

"အဲ့ဒါဖြင့် မင်း စောစောနားတော့မလား?"

"အင်း..."

ဝမ်ရိပေါ်ပုံစံက နည်းနည်း ပင်ပန်းနေသလိုရှိတယ်။

"ဖုန်းခေါ်တာ ဘာပြောစရာရှိလို့လဲ?"

Lion Heart ||Completed||Where stories live. Discover now