- 59 -

3.6K 533 6
                                    

ညစာစားတဲ့အချိန်မှာ ဝမ်ရိပေါ်က သူ့ကို ဝီချက်မက်ဆေ့ချ်ပို့လာတယ်။

ရှောင်းကျန့်ဖုန်းရဲ့ privacy level က အမြင့်ဆုံးကို တင်ထားတာမို့ စာဝင်လာတယ်ဆိုတာကိုပဲ မြင်ရတယ်။ သူ ဖွင့်ကြည့်တဲ့အခါ ဝမ်ရိပေါ်ဆီက စာဖြစ်နေတယ်။ သူ တကယ် လန့်သွားတယ်။ ပါးစပ်ထဲမှာ ဇွန်းကိုက်ထားလျက် ရှိနေပေမဲ့ သူ့မျက်လုံးတွေကိုတော့ မှိတ်ထားတယ်။ သူ့အမေက သူ့ကို ခေါ်တယ်။

"ဘာတွေ ကြည့်နေတာလဲ စားလေ"

"ဟုတ်"

သူ ထမင်းပြန်စားပေမဲ့ မျက်လုံးကတော့ ဖုန်းပေါ်မှာ ရှိနေတုန်းပဲ။ ဝမ်ရိပေါ်က သူ့ကို ပုံပို့ပေးတယ်။

[ထမင်းစားနေတာ။ မင်းရော?]

သူ ထမင်းပွဲကို ဓါတ်ပုံရိုက်ပြီး ပို့လိုက်တယ်။

[စားနေတယ်]

ရှောင်းပါပါးနဲ့ ရှောင်းမာမားက သူ့ကို ဘေးကနေ တိတ်တိတ်လေး ကြည့်နေတယ်။ သူ့မျက်လုံးက တတိယအကြိမ် ဖုန်းပေါ်ရောက်သွားချိန်မှာတော့ ရှောင်းမာမားက မနေနိုင်စွာ သူ့ပန်းကန်ထဲကို ငါးဟင်းထည့်ပေးတယ်။

"ကျန့်ကျန့်"

ရှောင်းကျန့်ရဲ့ မျက်လုံးတွေက ဖုန်းပေါ်မှာ ရှိနေတုန်းပဲ။ သူ ဒီအတိုင်း ထူးလိုက်တယ်။

"ဗျာ?"

ရှောင်းမာမားက သတိထားတဲ့လေသံလေးနဲ့ မေးတယ်။

"သား... ရည်းစားရနေပြီလား?"

သူ လန့်သွားတယ်။ ဖုန်းကို ချက်ချင်း လော့ချလိုက်ပြီး ကြောင်အမ်းအမ်း ပြုံးပြလိုက်တယ်။

"ဘယ်လိုလို့ ရှိမှာလဲ။ အလုပ်အကြောင်း ပြောနေတာပါ"

သူ ပြောပြီးတာနဲ့ ခေါင်းငုံ့လို့ ခပ်သွက်သွက် ထမင်းစားတယ်။ ရှောင်းမာမားက ရှောင်းပါပါးကို ကြည့်တယ်။ ရှောင်းပါပါးက မျက်ခုံးမြှင့်ပြပြီး ဘာမှမတတ်နိုင်သလို အမူအရာလုပ်ပြတယ်။

ညဘက် အခန်းထဲမှာပုန်းရင်း ဝမ်ရိပေါ်ကို ဖုန်းခေါ်တယ်။ သူ့ပုံစံက မထင်ရင် သူခိုးလိုပဲ။ သူ့မှာ နာမည်တောင် မခေါ်ရဲလို့ "ဟလို" လို့ပဲ ထူးရတယ်။

Lion Heart ||Completed||Where stories live. Discover now