- 10 -

6.9K 730 38
                                        

မင်းနှမကို ချွဲနေလိုက်!

ရှောင်းကျန့် မျက်စောင်းထိုးလိုက်တယ်။ ဒါပေမဲ့ သူ့ရဲ့ ဒီပုံစံဟာ ဝမ်ရိပေါ်ရဲ့ မျက်လုံးထဲမှာတော့ ဆွဲဆောင်နေသလိုမျိုး ချစ်စရာကောင်းတယ်ချည်း မြင်နေတယ်။ အဲ့လို လုပ်လေ ပိုပိုပြီး ချစ်စရာကောင်းလေပဲ။ ဝမ်ရိပေါ်က သူ့ကို အနားနီးကပ်အောင် ဆွဲလိုက်ပြီး နဖူးချင်း ထိလုထိခင် ပုံစံနဲ့ မေးတယ်။

"ဒီအပတ် ဘော့စတွန်ကို သွားမလို့။ ဘာလိုချင်လဲ?"

သူ့လက်မက ရှောင်းကျန့်ရဲ့ပါးကို ဖွဖွ ပွတ်နေတယ်။ သူ့ပါးစပ်ထဲ ဝင်လာတော့မယ့်အတိုင်းပဲ။

"ကျောက်ပုစွန်!"

ရှောင်းကျန့်က မျက်စိမှိတ်ပြီး‌ အော်ချင်ရာအော်တယ်။ ပြီးတာနဲ့ ကိုယ့်ကိုကိုယ် ထိန်းချုပ်ထားခြင်း မရှိတော့ပဲ ဆက်ပြောတယ်။

"ဘော့စတွန် ကျောက်ပုစွန်!"

ဝမ်ရိပေါ်က နဖူးချင်း ထိလုထိခင်လုပ်ရင်း ရယ်တယ်။ သဘောတကျ ရယ်လိုက်တာမို့ သူ့တကိုယ်လုံး တုန်နေတယ်။

ချီးပဲ။ ဘာတွေ အဲ့လောက် ရယ်နေရလို့လဲ။ သူ ဒေါသထွက်နေတာလေ။ သူ့ရှေ့ ပန်းကန်ထဲက ဆလတ်ရွက်တွေကို ခက်ရင်းနဲ့ ဆောင့်ထိုးပြီး ပါးစပ်ထဲ ထည့်နေမိတယ်။ သူ ဗိုက်ဆာနေတယ်။ တွေးလေ ဒေါသထွက်လေနဲ့ သူ့မှာ ဝမ်ရိပေါ်ကို စိတ်ဆိုးအောင် တမင်လုပ်ချင်နေတယ်။

လူက ဒေါသထွက်နေပါတယ်ဆို သူက ရယ်နေတယ်။

ဘော့စတွန်ကျောက်ပုစွန်က ငွေရှိတိုင်း ဝယ်လို့ရတာ မဟုတ်ဘူး။

"ကျောက်ပုစွန်ကလွဲရင်?"

"ငါလိုချင်တာ ဘော့စတွန်ကျောက်ပုစွန်၊ ဘော့စတွန်မှာ ထွက်တဲ့ ဘော့စတွန် ကျောက်ပုစွန်"

"ဘော့စတွန်ကျောက်ပုစွန်က ဘော့စတွန်မှာ ထွက်တာ မဟုတ်ဘူးလေ"

"အဲ့ဒါဆို ထားလိုက်တော့"

ဝမ်ရိပေါ်စိတ်ထဲ စူကောက်နေတဲ့ နှုတ်ခမ်းလေးက အရမ်းချစ်ဖို့ကောင်းတယ်လို့ ထင်နေမိတယ်။ အဲ့ဒါနဲ့ ပါးကိုဖျစ်ပြီး ပြောလိုက်တယ်။

Lion Heart ||Completed||Where stories live. Discover now