- 62 -

4.3K 568 31
                                    

မနက်ပိုင်း လေယာဉ်ဆိုက်တာနဲ့ ဖန်းချန်က ရှောင်းကျန့်ကို လာကြိုတယ်။

သူ အိမ်က ထွက်ခါနီးအချိန်မှာ သူ့အမေ သူများကို ပြောနေတဲ့စကား ကြားလိုက်ရတယ်။

"ငါတို့ကျန့်ကျန့်က လူတွေကို လွယ်လွယ်နဲ့ ယုံမိလို့များလား?"

သူ့ရင်ထဲက ဝမ်းနည်းမှုတွေ ထိပ်ဆုံးရောက်သွားတယ်။ သူ့ပတ်ဝန်းကျင်က လူတွေနဲ့ပတ်သက်လို့ ပျော်ရဖို့ဆိုတာကို သူ ဘယ်တုန်းကမှ မစဉ်းစားခဲ့ဘူး။ မိသားစုအတွင်းမှာ come out လုပ်ဖြစ်ခဲ့တဲ့ နာကျင်မှုဟာ သူ ကမ္ဘာကြီးကို ဖွင့်ချပြလိုက်ရတာရဲ့ နာကျင်မှုအပေါ်ယံလောက်တောင် မရှိဘူး။ ဒါပေမဲ့ သူ့မှာ မိသားစုရဲ့အဝေးကို ဆွဲခေါ်ခံလိုက်ရသလိုပဲ။

ဒါပေမဲ့ သူ့အတွက် နောင်တရချိန် မရှိတော့ဘူး။ သူ့ပုံစံက အရှုပ်တွေ လုပ်ထားတဲ့ ကလေးတယောက်လိုပါပဲ။ ပြီးခဲ့တဲ့ ပိတ်ရက်တွေအတွင်း မိဘတွေကို ဖွင့်ပြောပြီးနောက် အားလပ်ရက် နောက်ဆုံးကျန်တဲ့ ၂ ရက်မှာ သူ ထွက်ပြေးလာခဲ့တယ်။ မိဘတွေကို ထားခဲ့ပြီး တမြေ့မြေ့လောင်နေတဲ့သောကတွေနဲ့ ထွက်လာခဲ့တယ်။

တောင်းပန်ပါတယ်ဆိုတဲ့စကားကို သူ မပြောနိုင်ခဲ့ဘူး။ သူက ဘာလို့များ တောင်းပန်ရမှာလဲ။ သူ့အမေ ထပ်ငိုမှာကို သူ ကြောက်ပါတယ်။

တကယ့်လက်တွေ့လောကဟာ သူ ထင်ထားတာထက် ပိုရက်စက်တယ်။

လေယာဉ်ဆိုက်တာနဲ့ တပြိုင်နက် ဖန်းချန်က သူ့ကို လာကြိုပြီး ပြောပြတယ်။ ကောင်းကျို့က သူ့ကို ပြန်ရောက်တာနဲ့ အဖွဲ့ကို join စေချင်ကြောင်း ဖြစ်ပြီး သူ့အတွက် စကားတချို့ ချန်ထားတယ်။

သူ့ဟာသူ ရည်းစားရှိရှိ၊ မရှိရှိ။ ဇာတ်လမ်းသဘောသဘာဝအတွက် အဖွဲ့ထဲ ရောက်နေစဉ်ကာလအတွင်း ဘယ်သူနဲ့မှ အဆက်အသွယ်မလုပ်ရဘူးဆိုတာဖြစ်တယ်။

အဲ့တော့ ရှောင်းကျန့်ရဲ့ ပထမဆုံး တုံ့ပြန်မှုက သူ အိမ်ပြန်ရောက်လို့ ဝမ်ရိပေါ်ကို တွေ့တာနဲ့ အချိန်မရတော့တဲ့အတွက် ခပ်ပြင်းပြင်းကို နမ်းလိုက်တော့တာပဲ။

ရှောင်းကျန့်က ဒီလို ဦးဆောင်တယ်ဆိုတာ ရှားတယ်။

သူ ဝမ်ရိပေါ်ခါးပေါ် ခုန်တက်လိုက်တယ်။ ဝမ်ရိပေါ်မှာ သူ့ကို ထိန်းလိုက်ရတာမို့ နည်းနည်းယိုင်သွားတယ်။ သူ ဘာမှပြန်မလုပ်ရသေးခင်မှာပဲ ဆိုဖာပေါ် လဲကျသွားတော့တယ်။

Lion Heart ||Completed||Where stories live. Discover now