- 3 -

8.1K 907 15
                                    

၄ ရက်ကြာတဲ့နေ့မှာတော့ ရှောင်းကျန့်ရဲ့ "ရှောင်ဝမ်လူဆိုးကောင်လေး"ဟာ တောင်ပေါ် တက်လာခဲ့တော့တယ်။

ဒါ ဝမ်ရိပေါ် ခါတိုင်းပြန်လာတဲ့အချိန်မဟုတ်ဘူး။ ရှောင်းကျန့်က ရေချိုးပြီးလို့ Bathrobe ဝတ်ထားတယ်။ အိပ်ရာပေါ်မှာ ဝမ်းလျားမှောက်ရင်း လုရှို့မင်ရဲ့ ဗီဒီယိုတွေ ကြည့်နေတာမို့ သူ့တင်ပါးလုံးလုံးလေးက အိပ်ရာပေါ် ထင်းနေတယ်။ အတွင်းရေးမှူးကျန်းက ဖုန်းဆက်မလာဘူး။ သူ့စိတ်ထဲကနေ တနေ့ကို ၇ ကြိမ်၊ ၈ ကြိမ်လောက် ပွစိပွစိ ပြောနေခဲ့သူဟာ သူ့အိမ်ထဲကို မြေအောက်ကားပါကင်ကနေ တခါတည်း ဓါတ်လှေကားစီးပြီး ရောက်လာလိမ့်မယ်လို့ သူ လုံးဝ ထင်မထားခဲ့ဘူး။

ရှောင်းကျန့်က ဗီဒီယိုတချို့ကို ကြည့်နေတယ်။ ဖန်တွေ လုပ်ထားတဲ့ ဗီဒီယို အတိုလေးတွေ ကြည့်တယ်။ အနည်းဆုံးတော့ သူနဲ့အပြိုင် သရုပ်ဆောင်မယ့်သူက ဘယ်လိုလူလဲဆိုတာ သူ သိထားသင့်တာပေါ့။ ဝမ်ရိပေါ် အခန်းထဲ ဝင်လာတဲ့အချိန်မှာ သူဟာ အိပ်ရာပေါ်မှာ ဝမ်းလျားမှောက် ခြေထောက် နောက်ပြန်ထောင်လို့ တင်ပါးကို ဟိုဘက် ဒီဘက် ယမ်းနေဆဲဖြစ်တယ်။ တစုံတယောက်က သူ့ခြေထောက်ကို ဆွဲချပြီး ခြေသလုံးသားကို လာဖျစ်တော့မှ သူ အထိတ်တလန့် လှည့်ကြည့်မိတယ်။

သူ့ခြေသလုံးသားကို ဖျစ်ထားတဲ့လက်က အားလျော့သွားတယ်။ ခြေသလုံးကနေတဆင့် လျှောတက်လာပြီး Bathrobe အထဲကို ဝင်လို့ သူ့တင်ပါးကို လာဖျစ်ညှစ်တယ်။ ဝမ်ရိပေါ်က လူပါ တပါတည်း သူ့ပေါ်ကို တက်ဖိလာတယ်။ ရှောင်းကျန့် ကြည့်နေတဲ့ ဗီဒီယိုတွေကို ခပ်သွက်သွက် ပိတ်လိုက်တယ်။ ဒါပေမဲ့ ကြည့်နေတဲ့ ဖုန်းမျက်နှာပြင်ပေါ်က ဗီဒီယိုကို ဝမ်ရိပေါ်က လှမ်းကြည့်နေတယ်။

ဝမ်ရိပေါ်ရဲ့လက်က ရပ်သွားတယ်။ ရှောင်းကျန့် ဖုန်းမျက်နှာပြင်ကို လော့ချလိုက်တယ်။ အနောက်ကို လှည့်လိုက်ပြီး ချော့တဲ့အနေနဲ့ လည်တိုင်ကို ချိတ်ဆွဲလိုက်တယ်။ သူ့မျက်နှာကို အဝတ်တွေထဲ ထည့်ဖွက်လိုက်ရင်း ခပ်ဖွဖွ ရှူရှိုက်မိတယ်။

ယောက်ျားတယောက်ဆီက ရနံ့လား၊ မိန်းမတယောက်ဆီက ရနံ့လား မခွဲခြားတတ်ပေမဲ့ ဆေးလိပ်နံ့နဲ့အတူ ဝိုင်အရက်နံ့ ခပ်သင်းသင်းကို ရနေတယ်။

Lion Heart ||Completed||Where stories live. Discover now