Final - 95

7.8K 643 127
                                    

ရှောင်းကျန့်က ပြောတယ်။ သူ ငရုတ်သီးအနှစ်နဲ့ချက်တဲ့ ချောင်းရှို့စားချင်တယ်တဲ့။ ဒါပေမဲ့ သွားဝယ်ရမယ့်နေရာက နည်းနည်းဝေးတယ်။ အဲ့တော့ တောင်ပေါ်မြို့ကို ပြန်ဖို့အတွက် လေယာဉ်စီးသွားရတယ်။

ဝမ်ရိပေါ်ဟာ နောက်ဆုံးမှာတော့ မိဘတွေနဲ့ တွေ့ဖို့အတွက် စိတ်လှုပ်ရှားရတာတွေ သိပ်မရှိတော့ဘူး။ သူ လေယာဉ်ပေါ်မှာ တချိန်လုံး ခုံကို နောက်မှီ မထိုင်နိုင်ခဲ့ဘူး။ သူ့တကိုယ်လုံးက တောင့်တင်းနေတယ်။ သူ့ပုံကို ကြည့်ပြီး ရှောင်းကျန့်က ကြိတ်ရယ်တယ်။

ကောင်းတယ်။ သူတပြန် ကိုယ်တပြန်ပဲ။

ဆွေးနွေးပြီးတဲ့နောက်မှာ လက်ထပ်ဖို့ကိစ္စတွေတော့ မိဘတွေကို ထုတ်မပြောဖြစ်ခဲ့ဘူး။ နှစ်ဖက်မိဘတွေ တွေ့ဆုံဖို့ဆိုတာ အချိန်တိုအတွင်း လွယ်လွယ်ဖြစ်နိုင်တာမျိုး မဟုတ်ဘူး။ ပြီးတော့ ရှောင်းကျန့်က ဝမ်ရိပေါ်ကို အရမ်းစိတ်လှုပ်ရှားနေတာမျိုးလည်း မဖြစ်စေချင်ဘူး။

လက်ထပ်ခွင့်တောင်းတာနဲ့တင် သူ့မှာ အရမ်းကို ရှက်နေခဲ့တာဖြစ်တယ်။

အဲ့နေ့က ဝမ်ရိပေါ်ပုံစံကို ပြန်စဉ်းစားကြည့်တဲ့အခါ ရှောင်းကျန့်မှာ ခုထိ ရယ်ချင်တုန်းပဲ။

စကားထစ်အနေတဲ့လူလို မျက်လုံးကို ကျယ်ကျယ်ဖွင့်ထားရင်း မေးခွန်းတွေ ဆက်တိုက်မေးတယ်။

"တကယ်...တကယ်လား... ငါပြောတာက... ငါက... မင်း နောင်တမရဘူးလား... ငါက...တကယ်?"

"မင်းလက်မထပ်ချင်လည်း ဖြစ်ပါတယ်"

"မဟုတ်ဘူး! ငါက..."

ဝမ်ရိပေါ်မှာ စိတ်လှုပ်ရှားလွန်းလို့ စကားတွေ ဆက်တိုက်ထစ်အနေတယ်။

"ငါ လက်ထပ်ဖြစ်လိမ့်မယ်လို့ ဘယ်တုန်းကမှ တွေးခဲ့တာမဟုတ်ဘူး။ ဒါပေမဲ့ မင်းရဲ့ စကားတွေက...တကယ်ကို... တကယ်ကောင်းတယ်... မင်း တကယ် နောင်တမရဘူးမလား?"

"မင်းရော ဘယ်လိုလဲ? နောင်တရမှာလား?"

"ငါ ကြောက်မှာ"

သူ နှုတ်ခမ်းကို လျှာသပ်တယ်။

"ဒါပေမဲ့ ငါက လက်မထပ်ပဲနဲ့တောင် မင်းနဲ့ တသက်လုံးအတူ ရှိချင်တာပါ"

Lion Heart ||Completed||Where stories live. Discover now