ရှောင်းကျန့်က သူ့လက်ထောက်ကို ကင်မရာအဖွဲ့သားတွေနောက် လိုက်သွားဖို့ ပြောလိုက်တယ်။ သူ့မှာ မစ္စရှစ်ယွီလို့ ခေါ်ရမလား၊ ဆရာမ ရှစ်ယွီလို့ ခေါ်ရမလား၊ အဒေါ်လို့ ခေါ်ရမလား... ခုထိ သေချာ ဝေခွဲမရသေးဘူး။ ဘယ်လိုပဲပြောပြော သူ့မှာ ဝမ်ရိပေါ်ရဲ့အမေနဲ့ ပတ်သက်လို့ နည်းနည်း ရှိုးတို့ရှန်းတမ်း ဖြစ်နေတယ်။ သူမပြောတဲ့ ဒီကို သူငယ်ချင်း လာတွေ့တယ်ဆိုတဲ့စကားက နည်းနည်းတော့ သိသာနေပြီဖြစ်တယ်။
ဆန်းကျီလေဆိပ်ကနေ မြို့ထဲကို နာရီဝက်ပဲ မောင်းရတယ်။ ဝမ်ရိပေါ်အမေက သူမရဲ့ ရည်းစားဖြစ်သူ ဗြိတိသျှလူမျိုး မစ္စတာ Dwight (အသက် မခန့်မှန်းတတ်)ရဲ့လက်ကို တွဲလို့ ရှောင်းကျန့်နဲ့အတူ ကားထဲဝင်တယ်။ ရှောင်းကျန့်က ဆန်းကျီမြို့နဲ့ သိပ်မရင်းနှီးဘူး။ သူ့လက်ထောက်ရဲ့ ဆက်သွယ်ပေးမှုအရ လေဆိပ်နဲ့အနီးဆုံး မင်းယောင်ဟိုတယ်ကို မောင်းခိုင်းလိုက်တယ်။
ရှောင်းကျန့်နေဖူးတဲ့ မင်းယောင်ဟိုတယ်မဟုတ်ပေမဲ့ ဟိုတယ်အဆင့်အတန်းကတော့ အတူတူပဲ ဖြစ်တယ်။ ရှောင်းကျန့်က လက်ထောက် နေရာဦးပေးထားတဲ့နံပါတ်ကို ပြောလိုက်တဲ့အခါ လူတယောက်က သူတို့သုံးယောက်ကို ဟိုတယ်လော်ဘီထဲက ဓါတ်လှေကားရှိရာ ခေါ်သွားတယ်။ ဟိုတယ်ရဲ့ ထိပ်ဆုံးထပ်က စားသောက်ခန်းမဖြစ်ပြီး အဆင့်အတန်းမြင့်တဲ့ အပြင်အဆင်တွေ သုံးထားတယ်။ Mr. Dwight က အလိုက်တသိနဲ့ အပြင်မှာ ကျန်ခဲ့ပြီး ရှောင်းကျန့်နဲ့ မစ္စရှစ်ယွီအတွက် private space ချန်ထားပေးတယ်။
"တကယ်တော့ ငါက မင်းကို လန့်မသွားစေချင်လို့ပါ။ ပြီးတော့ ဒါ အချိန်ကောင်း ဟုတ်မဟုတ်လည်း သိပ်မသေချာတော့လေ"
မစ္စရှစ်ယွီက လက်ဖက်ရည်ကို တငုံသောက်တယ်။
"မင်း ငါ့ကို တွေ့ချင်လောက်မှာမဟုတ်ဘူးလို့ စိုးရိမ်ထားပေမဲ့ ငါ့သားက cannonball လိုပဲ....."
ရှောင်းကျန့်က ခြောက်ကပ်ကပ် ရယ်တယ်။ ဒါပေမဲ့ သူ့မှာ သူမ ပါးစပ်က ထွက်လာတဲ့ ဝမ်ရိပေါ်ကို "သား"လို့ခေါ်တဲ့စကားအပေါ် သေချာ ဆက်စပ်မတွေးနိုင်သေးဘူး။ သူ သေချာ အကဲခတ်ကြည့်တဲ့အခါ ဝမ်ရိပေါ်ရဲ့ မျက်နှာအစိတ်အပိုင်းတွေက မစ္စရှစ်ယွီနဲ့ အတော်ကို ဆင်တယ်။
YOU ARE READING
Lion Heart ||Completed||