ရှောင်းကျန့်အတွက် ဝမ်ရိပေါ်ဟာ ပိုပိုပြီး နားမလည်နိုင်စရာ ဖြစ်လာသလိုပဲ။
အရင်ကတည်းက သိထားတာ ဖြစ်ချင်ဖြစ်မယ်။ အနည်းဆုံးတော့ လိမ္မာပြခဲ့တာက အရမ်းကို အကျိုးသက်ရောက်မှု ရှိခဲ့တာမလား။ ဒါပေမဲ့ "ရည်းစားဝမ်ရိပေါ်"ဟာ "Gold Master ဝမ်ရိပေါ်"ထက် စိတ်ကျေနပ်အောင် လုပ်ပေးဖို့ ပိုခက်တယ်။
သူ့စိတ်ထဲ ရယ်ရတယ်လို့ ထင်မိပြန်တယ်။ ဘာလို့များ အဲ့တုန်းက အချိန်တွေ အကြောင်းကို ပြန်တွေးနေရပြန်တာလဲ။ အိပ်ရာခင်းတွေ တွန့်ကြေနေတယ်။ သူကိုယ်တိုင်ကလည်း ထူးမခြားနားပါပဲ။ လိုတာထက် ပို အသုံးတော်ခံလိုက်ရသလိုမျိုး။ သူ့မှာ လက်မြှောက်နိုင်တဲ့ ခွန်အားတောင် မရှိတော့ဘူး။
ဝမ်ရိပေါ်က သူ့တကိုယ်လုံးအပေါ်မှာ ပြီးထားတယ်။ ဗိုက်ကနေ ခါးအောက်ပိုင်း ပေါင်တွေပေါ်ထိ။ အဲ့လူဆိုးကောင်က သူ့ဟာသူ ရေချိုးတယ်။ သူ အိပ်ရာပေါ်မှာ လှဲရင်း ရေချိုးခန်းထဲက ရေကျသံကို နားထောင်လို့ အတွေးထဲ မျောနေမိတယ်။
ဝမ်ရိပေါ်နဲ့ ဘယ်လိုများ နှစ်ပါးသွားရပါ့မလဲ?
ပူနွေးနေတဲ့တဘက်လေးက သူ့အပေါ် ရောက်လာတယ်။ အဲ့အချိန်ကျမှပဲ ရေချိုးခန်းထဲက ရေကျသံ ရပ်သွားမှန်းသိတော့တယ်။ ဝမ်ရိပေါ်က ဘောင်းဘီတိုဝတ်ထားပြီး ဘာစကားမှမပြောပဲ သူ့ကို သုတ်ပေးနေတယ်။ ရှောင်းကျန့်အမြင်ကနေ မြင်နေရတာဟာ သွေးကြောတွေ ထနေတဲ့လက်ဖျံရိုးနဲ့အတူ သန်မာတဲ့ ဗိုက်ကြွက်သားတွေဖြစ်တယ်။
ဝမ်ရိပေါ်က တကယ်ပဲ ဘာများလဲ?
အပြုစုပေးခံရမှုအောက်မှာ သူ သက်တောင့်သက်သာ ငြိမ်နေမိတယ်။ ဇိမ်ရှိသွားတဲ့ ကြောင်လေးတကောင်လို ခပ်တိုးတိုး ညည်းညူမိတယ်။
သူ့အရှေ့ဘက်ကို ဝမ်ရိပေါ်က သုတ်ပေးပြီးတဲ့နောက်မှာ သူ့ကိုယ်ကို တဖက်လှန်လိုက်တယ်။ တင်ပါးကို သုတ်ပေးပြီးတဲ့နောက် ခပ်ဖွဖွ ရိုက်တယ်။
"ထတော့"
"မထဘူး။ မလှုပ်နိုင်ဘူး"
အိပ်ရာပေါ်မှာ ရှောင်းကျန့် တစောင်းလှဲနေတယ်။ ခြုံထားတဲ့စောင်က အရှေ့ဘက်ခြမ်းမှာပဲ ရှိတော့တာမို့ နောက်ကျောဘက်တခုလုံး ပေါ်နေတယ်။ ဝမ်ရိပေါ်က သက်ပြင်းချတယ်။
YOU ARE READING
Lion Heart ||Completed||