- 64 -

3.8K 489 24
                                        

အားလီက အနက်ရောင်ကိုင်းတပ်မျက်မှန်ကို တပ်ထားတတ်တယ်။ သူ date သွားရမယ်ဆိုရင်တော့ မျက်ကပ်မှန် တပ်လေ့ရှိတယ်။ Sink အပေါ်က စင်ပေါ်မှာ အမျိုးသားသုံး skin care တွေ တင်ထားတတ်တယ်။ အပြင်ထွက်ခါနီးတိုင်း သူ့မေးကို သေချာရိတ်တတ်တယ်။ ဒါပေမဲ့ ဘယ်တော့မှ ဆံပင်ကို ဂရုမစိုက်ဘူး။

ကုတ်အင်္ကျီဝတ်ရတာကြိုက်တယ်။ သူ့ဗီရိုထဲမှာ ခပ်တောက်တောက် အဝတ်အစားတွေ ရှိနေတတ်တယ်။ တော်တော်များများကတော့ ကာကီရောင်၊ အညိုရောင်၊ အဖြူရောင်နဲ့ မီးခိုးရောင် စတာတွေပါပဲ။

ဂျင်းတွေ၊ low top boots တွေနဲ့ နည်းနည်း ခေတ်ရှေ့ပြေးတဲ့စတိုင်လို့ ပြောလို့ရတယ်။

အစတုန်းက ရှောင်းကျန့် ထင်ခဲ့တာ သူ တယောက်တည်းပဲ နေရမယ်လို့ပေါ့။ ဒါပေမဲ့ နောက်နေ့မှာ ကောင်းကျို့က camera assistant နဲ့အတူ ရောက်လာတယ်။ ပြီးတော့ လမ်းလျှောက်ထွက်ဖို့ ပြောတယ်။ ပြောသေးတယ်။ ဒါက behind the scene အတွက်ပါတဲ့။

မနက်ပိုင်းမှာ Urban Development Planning Research Center က ပရော်ဖက်ဆာတန်ကို သူ သွားတွေ့ခဲ့တယ်။ ပရော်ဖက်ဆာတန်က nation first class Architect တယောက်ဖြစ်ပြီး Architectural Society of China ရဲ ဒါရိုက်တာတယောက်ဖြစ်တယ်။ သူ့ရဲ့ အဓိက သုတေသနတွေက ရှေးဟောင်းမြို့တော်တွေမှာ လုပ်ရတာဖြစ်တယ်။ historical cities and building, vernacular architecture, and public building design, urban design စသည်ဖြင့်တို့ဖြစ်တယ်။ ရှောင်းကျန့်က graphic design ပိုင်းနဲ့ ပတ်သက်ပြီး အထူးပြုခဲ့ရတာမို့ three dimensional design တွေနဲ့ ပတ်သက်ပြီး သူသိတာက နည်းတယ်။ Architectural နဲ့ ပတ်သက်တဲ့နေရာတွေမှာ ဆရာတွေဖြစ်တဲ့ Tadao Ado, Le Corbusier, Kengo Kuma စသဖြင့်ပေါ့။ ဗိသုကာဒီဇိုင်းတွေနဲ့ ပတ်သက်လို့ တဖတ်သတ်အမြင်တွေကိုပဲ သူ နားလည်ထားတာဖြစ်တယ်။

ကောင်းကျို့က သူ့ကို ပရော်ဖက်ဆာတန်နဲ့ တွေ့ခိုင်းရုံတင် မဟုတ်ဘူး။ တခြားလူတွေရဲ့ ပရော်ဖက်ရှင်နယ်ကျတဲ့ ဗဟုသုတတွေကိုပါ နားထောင်ခိုင်းတယ်။ ဒါပေမဲ့ ဒါတွေနဲ့ပတ်သက်ပြီး နည်းနည်းပဲ သိထားတဲ့ သာမာန်လူတွေအတွက် ဒါတွေကိ သိခွင့်ရတယ်ဆိုတာ နည်းနည်းပိုလွန်းတယ်လို့ထင်ရတယ်။ ယာယီသင်ယူရတဲ့ဟာတွေကို ကျက်ရမှတ်ရတာတွေ၊ ပြီးတော့ ရေးချထားရတာတွေ။

Lion Heart ||Completed||Where stories live. Discover now