Training ရဲ့ ပထမဆုံးနေ့ကတော့ အခြေခံအကျဆုံးသော လေ့ကျင့်ခန်းတွေဖြစ်တယ်။ သင်ပေးတဲ့ဆရာ ဝုကျိရဲ့ မျိုးရိုးနာမည်က လင်းဖြစ်တယ်။ ဒီလောကမှာ လူသိများတဲ့ဆရာတယောက်ဖြစ်တယ်။ သူ့ကို လူတွေက စနောက်ပြီး လင်းရှစ်ဖူလို့ ခေါ်ကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့ဆီမှာ သင်တဲ့လူတိုင်းက မတူညီတဲ့ အခြေခံပိုင်းတွေ ရှိကြပြီး မနက်ဆို အကုန် သူ့ဆီ သွားစုနေကြလို့ဖြစ်တယ်။ အခြေခံ အကြောဆန့် လေ့ကျင့်ခန်းတွေနဲ့ တူရိယာပစ္စည်း သင်ယူမှုတွေကို မနက်နဲ့ နေ့လယ်ဆိုပြီး ခွဲထားတယ်။
ရှောင်းကျန့်မှာ ဒီလောကထဲ ဝင်စတုန်းက ဒါမျိုးတွေမှာ တော်တော်ဒုက္ခရောက်ခဲ့ရတယ်။ လွန်ခဲ့တဲ့ ၂ နှစ်လောက်မှာ သူ ရခဲ့တဲ့ အလုပ်တော်တော်များများက စာပေပိုင်းနဲ့ အဆိုပိုင်းတွေ ဖြစ်တယ်။ တရက်လောက် လေ့ကျင့်ပြီးတဲ့နောက်မှာ သူ့မျက်လုံးတွေ နက်မှောင်ကျသွားသလိုပဲ။ ညနေဘက် ၄ နာရီ သင်တန်းပြီးတဲ့အခါ ပင်ပန်းနေတဲ့ခန္ဓာကိုယ်နဲ့အတူ အခန်းကို ပြန်လာခဲ့တယ်။ အခန်းထဲ ရောက်တာနဲ့ ပထမဆုံး သူလုပ်တဲ့အရာက ရေချိုးကန်ထဲ ရေဖြည့်တာပါပဲ။
ရှောင်ချောင်းက သူ့အတွက် ယူနန်ပိုင်ယောင် ပရုတ်ဆီနဲ့ တခြား အမျိုးအစားမတူတဲ့ ပရုတ်ဆီ တော်တော်များများ ကြိုတင်ပြင်ဆင်ထားပေးတယ်။ သူ ရေချိုးပြီးတာနဲ့ ကွက်တိပဲ။ ရှောင်ချောင်းက သူ့အခန်းတံခါးကို လာခေါက်ပြီး ဦးလေးချန်က ဟိုတယ်ကို နေ့လယ်ကတည်းက ရောက်နေကြောင်း လာအကြောင်းကြားတယ်။ ထွက်ပြီးတော့ တွေ့ဦးမလားတဲ့။
ကင်မရာအဖွဲ့သားတွေမှာ သရုပ်ဆောင်တွေအတွက် အကြိုအပို့ကားတွေ ရှိတယ်ဆိုပေမဲ့ သူ အပြင်ထွက်ပြီး ကားရိုက်စရာရှိတိုင်း ဦးလေးချန်က သူနဲ့အတူ ခရီးစဉ်တလျှောက်လုံး လိုက်ပေးတယ်။ ဒါပေမဲ့ ဒီတခေါက်မှာတော့ ခရီးက နည်းနည်းဝေးတာမို့ လူပို ပင်ပန်းတယ်။
ရှောင်းကျန့်က သူ့ခေါင်းကို ခါလိုက်တယ်။ သူ အပြင်မထွက်ချင်တော့ဘူး။ ဒီအတိုင်း အိပ်ရာပေါ်လှဲပြီး နားချင်နေပြီ။ နှစ်ယောက်သား တံခါးဝမှာ မတ်တပ်ရပ်ပြီး စကားတိုးတိုး ပြောဖြစ်တယ်။ ရုတ်တရက်ကြီး မျက်နှာချင်းဆိုင်အခန်းက တံခါးပွင့်လာတယ်။ ထွက်လာသူက လုရှို့မင်ဖြစ်တယ်။
YOU ARE READING
Lion Heart ||Completed||