- 66 -

3.5K 472 17
                                    

ရှောင်းကျန့် မှတ်မိသေးတယ်။ စာချုပ်မှာ လက်မှတ်ထိုးပြီးတာနဲ့ သူ ငှားထားတဲ့အိမ်လေးကနေ ထွက်ခွာဖို့ အထုပ်တွေ ထုပ်နေခဲ့တုန်းကပေါ့။

သူ ပစ္စည်းတွေကို ဖြည်းဖြည်းချင်းနဲ့ သေချာ သိမ်းထုပ်နေခဲ့တယ်။

ဒီနေရာမှာ အမှတ်တရတွေ အများကြီး ကျန်ရစ်တယ်။ လှပတဲ့အရာတွေရော၊ ဆိုးရွားတဲ့အရာတွေရော။ အဆုံးသတ်မှာတော့ ကျန်ရစ်ခဲ့တဲ့ အမှတ်တရပစ္စည်းတွေ အကုန်လုံးဟာ အိမ်နောက်ဘက် ခြံဝန်းလေးထဲမှာ စုပုံခြင်း ခံလိုက်ရတယ်။ သူ အကုန်လုံးကို မီးရှို့ပစ်တယ်။ တကယ်မီးရှို့ပစ်တာဖြစ်တယ်။

အတိတ်က သူကိုယ်တိုင်နဲ့ လုံးဝ အဆက်အသွယ်ဖြတ်ဖို့။

သူ ဖြည်းဖြည်းချင်းစီ သန့်ရှင်းရေးလုပ်တယ်။ ကျန်းရှန်က သူ့ကို သတိပေးဖို့တောင် ပိုနှေးနေသလိုပဲ။

နှစ်ဘက်လုံးက အချိန်ဆွဲနေသလိုမျိုး။ နှစ်ဘက်လုံး နားမလည်နိုင်ဖြစ်နေပြီး နှစ်ဘက်လုံး လွန်ဆန်နေတာဖြစ်တယ်။

ကျန်းရှန်က သူ့ကို နင်းကျီခေါ်သွားတဲ့နေ့မှာ သူ ဖန်းချန်ကို ပထမဆုံးအကြိမ် တွေ့ခဲ့တာဖြစ်တယ်။

သူနဲ့ အနာဂတ်မှာ လက်တွဲလုပ်မယ့်သူက သူ့ကို တိုက်ရိုက်ဆန်တဲ့ မေးခွန်းတချို့မေးတယ်။ ပြီးတော့ အလုပ်နဲ့ပတ်သက်ပြီး နောက်ထပ် ဘာတွေများ စီစဉ်ထားတာရှိလဲမေးတယ်။

အဲ့အချိန်တုန်းက သူ့ကိုယ်သူ ဘာလို့ အရမ်းတွေ confident ရှိနေခဲ့လဲ ရှောင်းကျန့် နားမလည်ဘူး။ တဖက်လူကို သူ ပြန်မေးခဲ့တယ်။ အခုလောလောဆယ် သူ အလုပ် မလုပ်ချင်ဘူးဆိုရင်ရောဆိုပြီး။

နောက်ပိုင်းမှာ ဖန်းချန်က ပြန်ပြောပြတယ်။ အဲ့တုန်းက ရှောင်းကျန့်ရဲ့ အရှိန်အဝါကို သူမ နည်းနည်းတော့ အံ့ဩသွားခဲ့တယ်တဲ့။ ဒီလူဟာ တကယ်ဆို အမှိုက်တယောက်သာသာဖြစ်နေပေမဲ့ အရမ်းကို ပြောရဲတဲ့လူလို့ပေါ့။

ခြေပြောင်နေလာသူဟာ ဖိနပ်မစီးရမှာကို မကြောက်ဘူး။ ပြီးတော့ သူဌေးကိုယ်တိုင်က ဘာမှ မပြောတဲ့အခါ သူမလို မန်နေဂျာသေးသေးလေးက ဘာလုပ်နိုင်မှာတဲ့လဲ?

Lion Heart ||Completed||Where stories live. Discover now