- 25 -

5.3K 630 7
                                        

မျက်လုံးကို ကြည့်ရုံနဲ့တင် တယောက်က တယောက်ကို သဘောကျနေတယ်ဆိုတာ သတိထားမိနိုင်လား?

ရှောင်းကျန့်ကတော့ သိပ်မသေချာဘူး။

သူတို့အခုလေးတင် မိစ္ဆာကောင်ကြီးလိုက်လို့ ရေထဲပြုတ်ကျတဲ့အခန်း ရိုက်ထားတာဖြစ်တယ်။ ရှောင်းကျန့်က ကမ်းပေါ်ရောက်တာနဲ့ လူ ၂ယောက် ၃ ယောက်လောက်က တဘက်တွေ ယူလာပြီး သူ့ကို ခြုံပေးတယ်။ ခပ်သွက်သွက် သုတ်ပြီးတာနဲ့ သူ့မှာ အဝတ်လဲခန်းကို အမြန်ပြေးရတယ်။ နောက်တခန်း ရိုက်ရဦးမှာမို့ ရေချိုးလို့ မဖြစ်တော့ဘူး။ ရှောင်းကျန့်ဟာ အဝတ်အခြောက်တွေ လဲဝတ်ပြီးတာနဲ့ ကင်မရာအဖွဲ့သားတွေ ပေးတဲ့ Heater ရှေ့မှာ ထိုင်နေတယ်။

နွေးထွေးတဲ့လေတွေ သူ့ပေါ် ရောက်လာတာနဲ့ တပြိုင်နက် သူ အိပ်ငိုက်လာတယ်။ Hair stylist က သူ့ဆံပင်ကို ခြောက်အောင် Dryer နဲ့ သေချာမှုတ်ပေးပြီး ဆံပင်တု တပ်ပေးနေတယ်။ ရှောင်းကျန့် အကြာကြီး သမ်းလိုက်တယ်။ လူတယောက်က သူ့ကို ခွက်တခုလာပေးတာမို့ ရီဝေဝေနဲ့ ယူလိုက်တယ်။ ပေးသူကို ကြည့်လိုက်တဲ့အခါ လုရှို့မင်ဖြစ်နေတယ်။

တဖက်လူ ဘာပြောလဲ မကြားတဲ့ပုံနဲ့ လုရှို့မင်က ခါးကို ကိုင်းလာပြီး သူ့အနားကပ်လာတယ်။ ပြီးတော့ Hair stylist ကို လက်ထဲက dryer ဝေးဝေးမှာ ထားခိုင်းတယ်။

"ဒါ ကျနော့်လက်ထောက် လုပ်ပေးတဲ့ ဂျင်းပြုတ်ရည်။ အအေးမမိစေနဲ့"

ရှောင်းကျန့် သူ့ကို ပြုံးပြပြီး ကျေးဇူးတင်စကားပြောလိုက်တယ်။ လုရှို့မင်က ပေးပြီးတာနဲ့ လှည့်ထွက်သွားတယ်။

ရှောင်းကျန့် တငုံသောက်ပြီးတဲ့အချိန် သူ့စိတ်ထဲ သူ့ကို တစုံတယောက် စိုက်ကြည့်နေတယ်ထင်လို့ ဘေးလှည့်ကြည့်လိုက်တဲ့အခါ ကျန်းကျားချင်ဖြစ်နေတယ်။

သူ ခပ်သာသာ ပြုံးပြပြီး မေးလိုက်တယ်။

"မင်းရော သောက်ချင်လို့လား?"

ကျန်းကျားချင်က လက်ကို အထပ်ထပ်အခါခါ ကာလို့ ခါယမ်းပြတယ်။

"ရတယ် ရတယ်။ ကိုယ့်ဟာကိုယ် သောက်ပါ။ ကိုယ့်ဟာကိုယ် သောက်ပါ"

Lion Heart ||Completed||Where stories live. Discover now