- 30 -

4.9K 644 34
                                    

နေ့လယ်ဘက် ကျန်းကျားချင် ရိုက်ကွင်းကို ရောက်တာနဲ့ အဝတ်လဲခန်းထဲကလူတွေ "မိနစ် ၂၀"ဆိုတဲ့ အကြောင်း ပြောနေတာကို ကြားလိုက်ရတယ်။ သူမ သေချာနားစွင့်ကြည့်တဲ့အခါ စကားတွေထဲမှာ ရှောင်းကျန့်နာမည် ခပ်သဲ့သဲ့ကို ကြားလိုက်ရတာမို့ မျက်မှောင်ကြုတ်ရင်း လက်ထောက်ကို ခေါ်မေးလိုက်တယ်။

"သူတို့ ဘာတွေ ပြောနေကြတာလဲ?"

"ရှူး"

သူမလက်ထောက်က တိတ်တိတ်နေဖို့ လက်ဟန်ခြေဟန်လုပ်ပြတယ်။ အဲ့ဒီ့နောက် သူတို့ နားစွင့်ပြီး သေချာနားထောင်ကြည့်လိုက်တယ်။

နားထောင်ပြီးတာနဲ့ ကျန်းကျားချင်က အာမေဋိတ်သံပြုတယ်။

"ဘုရားရေ?!"

သူမမှာ ကြားသွားမှာစိုးလို့ ပါးစပ်ကို ပိတ်လိုက်မိတော့တယ်။

*

ကောင်မလေးတယောက်က ပြောနေတယ်။ မနေ့က သူမရဲ့ သူငယ်ချင်းက အဝတ်လဲခန်းတံခါးကို ဖွင့်လိုက်တဲ့အချိန် ရုတ်တရက်ကြီး ကမ္ဘာသစ်တခုကို ရောက်သွားသလို အဖြစ်အပျက်တချို့ကို မြင်လိုက်ရကြောင်းဖြစ်တယ်။ သူမအနေနဲ့ လုံးဝအံ့ဩသွားခဲ့တယ်။ ဒါဟာ လုံးဝမဖြစ်နိုင်တာတွေလို့ အခုထိ ထင်နေတုန်းပဲတဲ့။ အခုချိန်မှာ ကောင်မလေးတွေဟာ မနေ့က ကုမ္ပဏီတခုရဲ့ ဥက္ကဌနဲ့ သူ့ရဲ့ artist လေးတို့ကြား မပီဝိုးတဝါးပဲမြင်ရတဲ့ ဓါတ်ပုံတချို့ ပေါင်းစပ်လိုက်တဲ့အခါ အဖြစ်အပျက်တွေက တခုချင်းစီ ရုပ်လုံးပေါ်လာတယ်။ သူမ ပုံကို နှိပ်ကြည့်တဲ့အခါ တချို့ကပြောကြတယ်။ လုရှို့မင်ရဲ့ ရည်းစားက မတော်တဆ ဓါတ်ပုံအရိုက်ခံလိုက်ရတာတဲ့။ ဖွင့်ပွဲနေ့တုန်းက ပုံတွေ ပြန်ကြည့်တဲ့အခါ ဝမ်ရိပေါ်ရဲ့မျက်လုံးတွေဟာ လူတွေအများကြီးထဲမှာမှ ရှောင်းကျန့်ရှိရာဘက်ကို ကြည့်နေသလို မြင်ရတယ်။

မဖြစ်နိုင်လောက်ဘူး။ ဒီလောက် လူတွေအများကြီးကိုလေ။ ပြီးတော့ အရမ်းကြီး သိသာနေတာလည်းမဟုတ်ဘူး။ အကယ်၍များ ဝမ်ရိပေါ်က ရှောင်းကျန့်ကို ကြည့်နေပါတယ်ဆိုရင်တောင် ဒါဟာ ဘာမှ ထူးဆန်းမနေဘူး။ ဥက္ကဌဟာ သူ့ကုမ္ပဏီရဲ့ အနုပညာရှင်ကို ကြည့်နေတယ်ဆိုတာ ထူးဆန်းနေတာမှ မဟုတ်တာ။

Lion Heart ||Completed||Where stories live. Discover now