- 63 -

3.8K 484 7
                                    

အဆုံးသတ်မှာတော့ သူ အကြာကြီး အိပ်ပျော်သွားခဲ့တယ်။ နောက်နေ့ နေ့လယ် ထွက်ခွာတဲ့အချိန်မှာ ရှောင်းကျန့်ဟာ သူ့လည်ပင်းတခုလုံးကို အနက်ရောင် scarf ကြီးကြီးနဲ့ ပတ်ထားခဲ့တယ်။ ဖန်းချန်နဲ့ ရှောင်ချောင်းက သူ့ကို အမြန်ရထားဘူတာရုံ လိုက်ပို့တယ်။

သူ ဘူတာရုံထဲ ဝင်လိုက်တယ်။ သူက VIP တန်းကို သုံးနေကျလူဖြစ်ပြီး VIP ခန်းမှာ စောင့်တဲ့လူဖြစ်တယ်။ ခဏအကြာမှာ ဖန်ကလပ်အက်မင်တွေနဲ့ ကြုံတော့တယ်။ ဓါတ်ပုံရိုက်သံတွေကြောင့် သူ နည်းနည်းတော့ ဘာမှန်းမသိ ဖြစ်သွားတယ်။ သူ ချက်ချင်း ဖန်းချန်ကို မေးလိုက်တယ်။

"fans တွေ ဘယ်လိုလို့ရောက်?"

ဖန်းချန်က သူ့ကို မျက်စောင်းထိုးတယ်။ ဒီလူဟာ သူ့ကိုယ်သူ နာမည်ကြီးနေမှန်း တကယ်ကို မသိတာပဲ။

ဒီနေ့မှာ သူ့ကို VIP lounge ဘက်သွားဖို့ သူ တမင် မစီစဉ်ခဲ့တာဖြစ်တယ်။ ပြီးတော့ သူ ဘယ်ရောက်နေလဲဆိုတာကို ဖန်ကလပ်မသိအောင် ပိတ်ထားခဲ့တယ်။ ဒါပေမဲ့ သိချင်နေတဲ့ ဖန်တွေအတွက်တော့ ဒါတွေက အလကားပါပဲ။ ဖန်တွေဟာ အော်ဟစ်နေကြပြီး မမြင်ရဘူးလို့ ပြောနေကြတယ်။ Team အနေနဲ့က ဒါရိုက်တာကောင်း ဘယ်အချိန် ပြန်ရောက်မလဲ မသိသေးသလို ဘယ်တော့ ရိုက်ကွင်းစမလဲ မသိတာမို့ official မကြေညာရသေးဘူး။ ဟေးယောင် (အတိအကျပြောရရင်တော့ ကျေးဇူးရှင် ဝမ်ရိပေါ်ပေါ့လေ) က သူ့အတွက် ကြော်ငြာရှာပေးတဲ့အခါ သူ တခုမှကို သဘောမကျဘူး။ ဖန်းချန်စိတ်ထဲ ရှောင်းကျန့် အခုလို အောင်မြင်တာ မယုံနိုင်စရာလို့ ထင်နေတုန်းပဲ။

ရှောင်းကျန့်မှာ အခုလို ဖန်တွေ နောက်ကလိုက်တာ မခံရတာ အတော်ကို ကြာခဲ့ပြီမို့ သူ နည်းနည်း စိတ်လှုပ်ရှားနေတယ်။ သူ့ခြေလှမ်းတွေက လေပေါ်မြှောက်နေသလိုပဲ။ ဖန်းချန် တန်းစီနေတဲ့ Starbuck ကော်ဖီကို စောင့်နေမိတယ်။ ဒီဖန်ဆိုက် အက်မင်တွေက သူ့ထက် အတွေ့အကြုံရှိတဲ့သူတွေဖြစ်တယ်။ ကလေးမလေးတွေမှာ သူ့ကို အမျိုးမျိုး ချီးကျူးနေကြတယ်။ ဒရိုင်ဘာရောက်လာတဲ့အချိန်မှာ ရှောင်းကျန့်နားရွက်တွေ ရဲနေပြီဖြစ်တယ်။ သူ ခေါင်းငုံ့လို့ ကော်ဖီတငုံသောက်လိုက်တယ်။

Lion Heart ||Completed||Where stories live. Discover now