ရှောင်းကျန့် လေဆိပ်ထဲ ဝင်တဲ့အခါ လည်ပင်းနှိပ်စက်နဲ့အတူ ဂူချီအိတ်နဲ့ နေကာမျက်မှန်တပ်လို့ ဝင်သွားတယ်။ အချိန်က လူရှုပ်နေတယ်။ ရှောင်ချောင်းက check in အရင်ဝင်ပေးတယ်။ သူ Starbucks ကို သွားပြီး သူ့ဟာသူ ကော်ဖီနှစ်ခွက် မှာသောက်တယ်။ သူ ပြန်ထွက်လာတဲ့အခါ သူ့လက်ထဲမှာ အိတ်တလုံး ဆွဲလာတယ်။ ကော်ဖီထည့်ထားတဲ့အထုပ်ထဲမှာ cranberries နဲ့ blackcurrent ကိတ်မုန့်တခုစီပါတယ်။
အဲ့ဒီ့နောက် ကင်မရာကိုင်ထားတဲ့ လူတအုပ် သူ့နားမှာ ရုတ်ရုတ်ရုတ်ရုတ်ဖြစ်တာကို တွေ့လိုက်ရတယ်။ ရှောင်းကျန့် လန့်သွားပြီး မြန်မြန် ရှောင်လိုက်တယ်။ ဒါပေမဲ့ အဲ့လူတွေက ရှောင်းကျန့်ဆီ ဦးတည်လာတာမဟုတ်ဘူး။ သူ့အနောက်က လူဆီကို ဦးတည်နေတာဖြစ်တယ်။ သူ့နားကလူတွေဆီက ကင်မရာသံ တဖျတ်ဖျတ်ကို ကြားနေရတယ်။ ရှောင်းကျန့် နောက်ကို လှည့်ကြည့်လိုက်တဲ့အခါ သူ့ပါးစပ်ကနေ အဆဲစကားလုံး ထွက်တော့မတတ်ပဲ။
ဘယ်လိုဖြစ်လို့ လုရှို့မင် ဖြစ်နေရပြန်တာတုန်း။
ဒီလေဆိပ်က အတော်ကို သေးတယ်။ security checkpoint ပြီးရင် လမ်းက တဖြောင့်တည်းပဲ။ ရှောင်းကျန့်ရဲ့ရှေ့မှာ ပိတ်ရက်ပြီး ဓါတ်ပုံရိုက်နေကြတယ်။ သူ့နောက်မှာတော့ လုရှို့မင်ရဲ့ အဖွဲ့သား အနည်းငယ်ပါပဲ။ ရှောင်းကျန့် ဘေးက ပန်းပင်အစိမ်းရောင်နောက် ဝင်ပုန်းလိုက်တယ်။ နံရံကို မျက်နှာမူထားပြီး တခုခုကို ကြည့်နေသလိုလုပ်တယ်။ သူ့ဘေးကလူတွေ သူ့ကို ဘယ်သူမှ မမှတ်မိကြပါစေနဲ့..... လို့ ဆုတောင်းပေမဲ့ သူ့ဆုတောင်း မပြည့်ခဲ့ပါဘူး။ ဒါမှမဟုတ် လုရှို့မင်ကပဲ သူ မရှိရင် မနေနိုင်တာများလား။ သူ့အဖွဲ့သား အနည်းငယ်ဟာ သူ့အနောက်မှာ ရပ်သွားတယ်။
"ရှောင်းကျန့်?"
ပုန်းနေလို့ မဖြစ်တော့တာမို့ ရှောင်းကျန့် နောက်ကိုလှည့်ပြီး အခုမှ တွေ့သလို ပုံဖမ်းတယ်။ မျက်ခုံးတွေ မြှင့်ပြီး မေးလိုက်တယ်။
"မင်းက ဒီကို ဘာလို့?"
"ကျနော် ဒါရိုက်တာဆီမှာ ခွင့်ရက်တောင်းလာတာ။ မင်းကရော ခွင့်ယူလာတာပဲလား?"
YOU ARE READING
Lion Heart ||Completed||