နောက်တပတ်အကြာမှာ ရှောင်းကျန့်ဟာ အခက်ခဲဆုံးသော စစ်ပွဲခန်းကို ရိုက်ကူးပြီးစီးသွားတယ်။ အဲ့ဒီ့နောက် နယူးဇီလန်မှာ နောက်ဆုံးခန်း သွားရိုက်ဖို့အတွက် အကြိုနားရက် ၂ ရက်ရတာမို့ မြောက်ဘက်မြို့တော်ကို ပြန်သွားခဲ့တယ်။
နယူးဇီလန်မှာ ဆောင်းရာသီဖြစ်တယ်။ သူတို့ ကင်မရာအဖွဲ့သားတွေလိုချင်တဲ့ရာသီဥတုနဲ့ သွားတိုက်ဆိုင်နေတယ်။ တောင်ဘက်ကျွန်းဆွယ်ပေါ်မှာ နှင်းတွေ သိပ်သိပ်သည်းသည်းကျနေတယ်။ နှင်းခဲတွေနဲ့အတူ နှင်းတွေ ကျနေပုံက ဟိုင်းကော်ရဲ့ ရာသီဥတုနဲ့ သွားကိုက်ညီနေတယ်။
ကင်မရာအဖွဲ့ရဲ့ ရန်ပုံငွေတွေဟာ နေ့တိုင်းလိုလို တသောသောထွက်နေတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ဇာတ်လမ်းထဲ ဇာတ်ကွက်တွေ လှနေဖို့အတွက် အဓိက ဖန်တီးမှုအသင်းဟာ ရိုက်ကွင်းထဲထိ ကွင်းဆင်းပြင်ဆင်မှုတွေ လုပ်ရတယ်။ Canterbury Plain ကနေ Southern Alps တွေထိ နှင်းတွေ ဖွေးဖွေးလှုပ်နေတယ်။ အရမ်းအေးလွန်းတာမို့ ရိုက်ကူးနေစဉ်တလျှောက်လုံး ခက်ခက်ခဲခဲ ရိုက်ခဲ့ရတယ်။
ရှောင်းကျန့်ရဲ့ နောက်ဆုံးခန်းက လဲ့ယောင် စစ်ရှုံးတဲ့အခန်းနဲ့ အဆုံးသတ်တယ်။ လဲ့ယောင်ဟာ ဟိုင်းကော်ကနေ လွတ်မြောက်လာပြီး လေဒဏ်၊ မိုးဒဏ်၊ နှင်းဒဏ်တွေကို လမ်းတလျှောက်လုံး ခံစားခဲ့ရတယ်။ သူ့စစ်သားတွေကို ဦးဆောင်ပြီး လွတ်မြောက်စေခဲ့ပေမဲ့ သူ တယောက်တည်း မြင်းတကောင်နဲ့ ထီးထီး ကျန်ရစ်ခဲ့တယ်။ နှင်းတွေ အရမ်းကျနေတဲ့နေ့၊ ဟိုင်းကော်ရဲ့ နယ်ခြားစည်းမှာ သေအံ့ဆဲဆဲ ဖြစ်နေချိန် ရုတ်တရက် သူ့အမေရဲ့ နောက်ဆုံးဆန္ဒကို အမှတ်ရသွားခဲ့တယ်။
သူဟာ နယ်ခြားစည်းမှာ သူ့အမေအစား သူ အမြှုပ်နှံခံခဲ့ရတယ်။
တယောက်ယောက်က လက်ခုပ်တီးလိုက်တဲ့အထိ သူ သတိမထားမိသေးဘူး။ လက်ထောက်လေးက ပြေးလာပြီး သူ့ကို နှင်းတွေအောက်က အမြန်ဖော်ထုတ်လို့ အနွေးထည်ခြုံပေးတဲ့အချိန်မှာ ရှောင်းကျန့်တကိုယ်လုံး ချမ်းလွန်းလို့ တုန်ယင်နေခဲ့တယ်။ အဲ့လိုနဲ့ပဲ ပြီးဆုံးသွားခဲ့တယ်။
လဲ့ယောင်ရဲ့ ဘဝက အဆုံးသတ်သွားပြီဖြစ်တယ်။ သူ အနောက်ကို လှည့်ကြည့်လိုက်တဲ့အခါ အရာကျန်ခဲ့တဲ့ သူ လဲလျောင်းခဲ့ရာနေရာဟာ စက်အဖွဲ့သားတွေရဲ့ နှင်းထုတ်စက်တွေကြောင့် နှင်းတွေ ဖုံးလွှမ်းသွားခဲ့ပြီဖြစ်တယ်။
YOU ARE READING
Lion Heart ||Completed||