ကိစ္စတော်တော်များများမှာ ရှောင်းကျန့် နားမလည်နိုင်ဖြစ်နေတယ်။
သူက အမြဲတမ်း အဲ့လိုပဲ။ ကြည့်ရတာ သူဟာ ဒီနှစ်တွေအတွင်းမှာ ဝမ်ရိပေါ်ရဲ့ ပျိုးထောင်မှုအောက် နည်းနည်းပိုပြီး ဈေးကြီးကြီးနဲ့ ပျိုးထောင်ခြင်း ခံလာရလို့ ထင်ပါတယ်။ ပြီးတော့ ကြော်ငြာကြောင့်လည်း နည်းနည်းပါမှာပေါ့။
ဖုန်းဖြေတဲ့အခါတိုင်း မတင်မကျ လုပ်နေတတ်လို့ ဖန်းချန်က အထွန့်တက်တယ်။ ဒါပေမဲ့ သူ့ဆီ နောက်ထပ် ဇာတ်ညွှန်းအနည်းငယ်တော့ ရောက်လာပါသေးတယ်။ ဟေးယောင်ရဲ့ တခြား ဘရန်းတွေက သူ့ကို နည်းနည်းလျှော့တွက်ထားတယ်ဆိုပေမဲ့ နာမည်ကြီး ဘရန်းတွေကတော့ သူ့ကို မျှော်လင့်နေတုန်းပဲ။ ဈေးကွက်အတွက်ကတော့ ရှုထောင့်ပေါင်းစုံက စဉ်းစားရမှာပေါ့။
အောက်တိုဘာလအစပိုင်းမှာ သူ့ဆီကို သူစိမ်းဖုန်းနံပါတ် ဝင်လာတယ်။
ပြောရမယ်ဆိုရင် သူ့ဆီကို ဖုန်းတိုက်ရိုက် ခေါ်ဆိုနိုင်တဲ့လူက နည်းနည်းလေးရယ်။ ဖုန်းတဖက်ကလူဟာ သူနဲ့ မတွေ့ဖြစ်တာကြာတဲ့ တုလင်းကျဲဖြစ်တယ်။
ဆရာမတုရဲ့ ဖုန်းနံပါတ်က လျှို့ဝှက်ပြီး တိကျတယ်။ ဖုန်းခေါ်ဆိုရတဲ့ ရည်ရွယ်ချက်က တခုတည်းရယ်။ ကျန်းဟု အရေးပေါ်တဲ့။
တုကျဲရဲ့ အမျိုးသားက ရင်းနှီးမြှုပ်နှံသူဖြစ်ပြီး လတ်တလော ရိုက်နေတဲ့ ရုပ်ရှင်ကားတခုအပေါ် ရင်းနှီးမြှုပ်နှံထားတယ်။ ဒါရိုက်တာရဲ့ နာမည်က ကျန်းဟိုင်ဆန်းတဲ့။ ရုပ်ရှင်လောကမှာ လူသစ်ဒါရိုက်တာဖြစ်ပြီး သူ ပထမဆုံး ရိုက်ကူးတဲ့ ရုပ်ရှင်ဇာတ်လမ်းတိုလေး နှစ်ခုဟာ ဥရောပရုပ်ရှင်ပွဲတော်မှာ Best Short Film Award အတွက် ဆု လျာထားခြင်း ခံခဲ့ရတယ်။
ရုပ်ရှင်ရဲ့ ဇာတ်ကွက်က ရဲဖြစ်ကာစ လူတယောက်ရဲ့ အမှုစုံစမ်းချိန် တနေ့တာ ဖြစ်ပျက်မှုတွေကို ရိုက်ပြထားတာဖြစ်တယ်။ သူဟာ အဲ့ဒီ့နေ့ရဲ့ ညသန်းခေါင်ဆိုရင် အမြဲတမ်း သေသွာစတယ်။ ဒါပေမဲ့ နောက်နေ့မနက်မှာ ပြန်နိုးလာပြီး အဲ့ရက်ကိုပဲ ပြန်ရောက်သွားတယ်။
သူ စုဆောင်းထားတဲ့ သဲလွန်စတွေအရ victim ဟာ အသက်မပြည့်သေးတဲ့ ကလေးတယောက်ဖြစ်တယ်။ ကျောင်းတွင်း အနိုင်ကျင့်မှုအောက်မှာ ကျောင်းအုပ်က လာဘ်စားသူဖြစ်ပြီး ကျောင်းသားကို အမြဲတမ်း ရိုက်နှက်အပြစ်ပေးတယ်။ ကျောင်းသားလေးရဲ့ ဆရာက တခြားရဲနဲ့ ပူးပေါင်းပြီး မတရားမှုတွေ ကျူးလွန်တယ်။ သူတို့ဟာ ကလေးပြည့်တန်ဆာဂိုဏ်းနဲ့ ဆက်စပ်နေသူတွေဖြစ်တယ်။
YOU ARE READING
Lion Heart ||Completed||