- 57 -

4.3K 593 17
                                        

ဝမ်ရိပေါ်က ရှောင်းကျန့်ကို မယုံနိုင်သလိုမျိုး ကြောင်တောင်တောင်လေး ငေးကြည့်နေတယ်။ သူ့ကိုယ်ထဲမှာ မီးညွှန့်သေးသေးလေးတခု ခုန်ပေါက်နေသလိုပဲ။ နှလုံးသားထဲကနေ တွယ်တက်လာပြီး နားရွက်ဖျားမှာ စုစည်းသွားတယ်။ သူ့နှုတ်ကနေ "သဘောကျ"ဆိုတဲ့စကားကို ခပ်တိုးတိုး ရေရွတ်တယ်။ အောက်ကို အနည်းငယ်ကျနေတဲ့ နှုတ်ခမ်းထောင့်စွန်းလေးရဲ့ တဖက်မှာ တွန့်ကွေးပြုံးတဲ့အပြုံးလေး ပေါ်လာတယ်။

ရှောင်းကျန့်က မော့ကြည့်တဲ့အခါ သူပြုံးနေတာကို တွေ့သွားတယ်။ နှုတ်ခမ်းတဖက်ကို လက်ခုံနဲ့ ကာထားသလို အပြုံးမျိုး။

သူ တွန့်ကွေးပြုံးနေတဲ့ နှုတ်ခမ်းထောင့်လေးကို အမြန် ပြန်တည်လိုက်တယ်။ ပြီးတာနဲ့ သူ့မျက်နှာတခုလုံးကို မီနူးစာအုပ်နဲ့ ကာလိုက်တယ်။

"... အဲ့တော့ မင်း ဘာစားချင်လဲ?"

"ဆရာရှောင်း ကြိုက်တာကို ကြည့်ရမယ်"

ဝမ်ရိပေါ်က လက်သီးဆုပ်လေးနဲ့ကာရင်း ချောင်းဟန့်တယ်။ အဲ့ဒီ့နောက် မျက်နှာကို တဖက်လှည့်လို့ သူ့လည်ပင်းကို ထိတယ်။

"ဆရာရှောင်းပဲ ဆုံးဖြတ်ပါ"

ရှောင်းကျန့် သူ့ကို စားပွဲအောက်ကနေ ကန်လိုက်တော့တယ်။

*

စားပြီးသွားတဲ့အထိ ဝမ်ရိပေါ်က ဝိဉာဉ်လွင့်နေတဲ့ပုံစံမျိုး။ သူတို့ ဓါတ်လှေကားထဲ ဝင်လိုက်တဲ့အခါ သန့်ရှင်းရေးလုပ်ပေးတဲ့ လူနဲ့တွေ့တယ်။ ရှောင်းကျန့်က သူနဲ့ ခပ်နီးနီးလေး ရပ်နေလို့ထင်တယ်။ သူတို့ အပေါ်ဆုံးထပ် ရောက်သွားတဲ့အခါ နှစ်ယောက်သား ဓါတ်လှေကားထဲက ထွက်ပြီး အခန်းထဲကို တယောက်ပြီးတယောက် ဝင်တယ်။ အဲ့အချိန်ထိ ဝမ်ရိပေါ်က ဝိဉာဉ်လွင့်နေတဲ့လူလိုမျိုး သူ့နောက်လိုက်လာတယ်။

အခန်းထဲမှာ သေချာရှင်းပြီးသွားပြီဖြစ်တယ်။ စားပြီး သောက်ပြီး သွားပြီမို့ ရှောင်းကျန့်က အားတွေ ပြန်ရှိလာတယ်။ အဲ့တော့ သူ ရေချိုးပြီးတာနဲ့ အိပ်ရာဝင်ဖို့ စဉ်းစားတယ်။ ဒါပေမဲ့ သူ့မှာ ဘာအဝတ်အပိုမှ ပါမလာဘူး။ သူ့ကိုယ်လုံးပေါ်က အဝတ်တောင်မှ ဝမ်ရိပေါ်ဟာဆိုတော့ သူ တွန့်ဆုတ်စွာနဲ့ ဝမ်ရိပေါ်ကို အော်လိုက်တယ်။

Lion Heart ||Completed||Where stories live. Discover now