ရှောင်းကျန့်ကတော့ ဒါတွေကို ဂရုမစိုက်နိုင်သေးဘူးပေါ့။
ဒါပေမဲ့ သူ ဘယ်အေဂျင်စီကိုပဲသွားသွား၊ သူဟာ ဟေးယောင်ရဲ့ ဆန့်ကျင်ဘက်ကို ရောက်သွားမှာဖြစ်တယ်။ ဒါဟာ ရှောင်းကျန့်ကို တွေဝေစေပြီး ဒေါသလည်း ထွက်စေတယ်။
ဝမ်ရိပေါ် ဘာတွေ စဉ်းစားနေလဲ။ သူ ဘာမှကို တွေးမရနိုင်ဘူး။
ဝမ်ရိပေါ်ပြောခဲ့သမျှ အရေးကြီးတာတွေ တခုမှကို သူ ခန့်မှန်းမရနိုင်ဘူး။
ဇာတ်လမ်းက အစကို ပြန်ရောက်သွားသလိုပဲ။
ကြည့်ရတာ လှောင်ချိုင့်တွေ လိုမနေဘူးထင်တယ်။ လူတယောက်ကို အများကြီး ချစ်မိတဲ့အခါ အကန့်အသတ်ဆိုတာတွေကလည်း ဟိုးအောက်ခြေထိ ချပေးလိုက်ရတာပါပဲ။
ရှောင်းကျန့်စိတ်ထဲ သူဟာ ကန့်လန့်ကာနောက်ကွယ်မှာ ရပ်နေတဲ့ တကိုယ်တော် တင်ဆက်ပြသသူလိုမျိုး ခံစားနေရတယ်။ ဦးတည်ရာတိုင်းမှာ ပရိသတ်တွေရှိတယ်။ ဒါပေမဲ့ သူ ဘာကိုမှ မမြင်ရဘူး။ သူ မြင်နိုင်တာတခုတည်းက အနက်ရောင် ကန့်လန့်ကာကြီးပဲ။ သွားလေရာတိုင်းမှာ ပိတ်ခံနေသလိုမျိုး။ စတိတ်စင်ပေါ်ကနေ အသံပေါင်းစုံကို ကြားနေရတယ်။ ဒါပေမဲ့ သူ တယောက်တည်းပဲ ရှိနေတယ်။
အပေါ်ကနေ ဆလိုက်မီးလေးဟာ သူ့အပေါ်ကို တချိန်လုံး ထိုးကျနေတယ်။ ဒီဆလိုက်မီးလေးဟာ ဝမ်ရိပေါ်ရဲ့ ထိန်းချုပ်ခြင်းကို ခံထားရတယ်။
ကိုယ့်ကိုကိုယ် အတွေးမများအောင် တားမြစ်တဲ့အနေနဲ့ ရှောင်းကျန့် ဂိမ်းတွေ ဆော့တယ်။ ရုပ်ရှင်တွေ ကြည့်တယ်။ နေ့နေ့ ညည ဇာတ်ညွှန်းတွေ ရွေးတယ်။
ဖန်းချန်ဆီက ဖုန်းခေါ်လာတာကို ရှောင်းကျန့် လက်ခံရရှိချိန်မှာ ရှောင်းကျန့်ဟာ နှစ်ရက်၊ နှစ်ညလုံး ဂိမ်းတွေ ကစားထားပြီး နေ့ည မှားအိပ်နေချိန်ဖြစ်တယ်။ သူ ခဏလောက်တော့ အိပ်ချင်မူးတူး ဖြစ်နေလိုက်သေးတယ်။ သူ့စိတ်ထဲ အရင်အိမ်မှာ အိပ်နေခဲ့တယ်ပဲ ထင်ခဲ့တာဖြစ်တယ်။ သူ့ခြေထောက်က ကြမ်းပြင်ကို ထိမိလို့ အေးစက်မှုကို ခံစားမိတော့မှ မျက်မှောင်တွေ ကြုတ်သွားခဲ့တယ်။ သူ မျက်နှာ ရှုံ့မဲ့မဲ့နဲ့ အောက်ကို ငုံ့လို့ သူ့ခြေထောက်ကို ကြည့်လိုက်တယ်။
YOU ARE READING
Lion Heart ||Completed||