ဘော့စတွန် ကျောက်ပုစွန်အပြင် ဝမ်ရိပေါ်က သူ့ကို နောက်ထပ် လက်ဆောင်လည်း ပေးသေးတယ်။
ကာတီးယား ကျားသစ်နက် စိန်ရင်ထိုးတခု။
မြစိမ်းရောင် တောက်နေတဲ့ ကျားသစ်နက်ရဲ့ မျက်လုံးတွေက ညင်သာပြီး လိမ္မာတဲ့ပုံလေး။
"အပြန်လက်ဆောင်"
ဝမ်ရိပေါ်က ပြောပြီးတာနဲ့ လက်ဆောင်ဘူးကို သူ့ရှေ့ထိုးပေးတယ်။ ရှောင်းကျန့်မှာ သူ့အတွေးတွေကို နားမလည်နိုင်ပေမဲ့ လက်ခံလိုက်တယ်။
ဒါပေမဲ့ စားပြီးပြီးချင်း ဝမ်ရိပေါ် ထွက်ခွာသွားလိမ့်မယ်လို့တော့ သူ မထင်ထားခဲ့ဘူး။ ကိုယ်ပိုင်လေယာဉ်ဟာ ဟိုတယ်အမိုးထပ်မှာ စောင့်နေဆဲဖြစ်တယ်။
ဝမ်ရိပေါ်က သူ့ကို ပြောသွားတယ်။ အဲ့ဟိုတယ်မှာ မနေချင်ရင် နင်းကျီဟိုတယ်မှာ လာနေတဲ့။ ဒါပေမဲ့ ရှောင်းကျန့်က ခဏလောက် စဉ်းစားပြီး ငြင်းဆိုလိုက်တယ်။ တခြားကိစ္စတွေထက် သတင်းသာ ပေါက်ကြားသွားရင် ပွဲဆူသွားမှာ စိုးတယ်။
ပြီးတော့ အဲ့မှာ နေရတာလည်း မဆိုးပါဘူး။
အင်းပေါ့။ လုရှို့မင်နဲ့ ဝမ်ရိပေါ်အကြောင်းကို ထည့်မတွက်ရင်ပေါ့။
*
Training က လဝက်လောက်နဲ့ ပြီးသွားတယ်။ နောက်ဆုံးအနေနဲ့ အဖွဲ့လိုက် ဓါတ်ပုံရိုက်ပြီး မင်းသားတွေအတွက် ကြေညာချက်မထုတ်ခင် တရက်အလိုမှာ ထုတ်ပြတယ်။ Active မဖြစ်တာကြာတဲ့ ရှောင်းကျန့်ရဲ့ ဝေ့ပေါ် အကောင့်တောင်မှ ဖန်တွေ အများကြီး ထပ်ရလာတယ်။
တချို့ ဖန်အဟောင်းတွေက ဝမ်းသာအားရ ငိုကြတယ်။ ဒါပေမဲ့ တော်တော်များများကတော့ မေးခွန်းထုတ်တာနဲ့ အနိုင်ကျင့်စကားတွေ ပြောကြတာပါပဲ။
ဒီလို ရက်စက်တဲ့ဇာတ်ကောင်နေရာကို ရှောင်းကျန့် လုပ်နိုင်လိမ့်မယ်လို့ ဘယ်သူမှ မယုံကြဘူး။ ရှောင်းကျန့်ကိုယ်တိုင်တောင် သံသယဝင်နေတာဆိုတော့လေ။
ဒါပေမဲ့ ရှောင်းကျန့်ကတော့ အခုချိန်မှာ ဒီအကြောင်းတွေ မတွေးဖို့ ဆုံးဖြတ်ထားတယ်။ ကိစ္စတွေ အများကြီး တွေးနေလည်း အလကားပဲ။
YOU ARE READING
Lion Heart ||Completed||