- 28 -

4.9K 673 42
                                    

ရှောင်းကျန့်စိတ်ထဲ သူဟာ costume drama တွေထဲက အပြစ်သားတ‌ယောက်လိုပဲ။ ဖြာကျနေတဲ့ဆံပင်တွေနဲ့အတူ ခပ်ရိုးရိုး အောက်ခံအင်္ကျီကိုပဲ ဝတ်ထားတယ်။ ဘေးတဖက်တချက်မှာ ဝန်းရံထားတဲ့လူတွေရှိတဲ့အခါ သူ့အင်္ကျီပေါ်မှာ "အပြစ်သား"ဆိုတဲ့စာလုံး ရေးဖို့ပဲ ကျန်တော့တယ်။

"ငါတို့ ဘယ်သွားနေတာလဲ?"

သူ ဖန်းချန်ကို တိတ်တိတ်လေး မေးလိုက်တာဖြစ်တယ်။

"ဟိုတယ်ကို ပြန်မလို့လေ"

"ဒါပေမဲ့ ငါ ဒီနေ့ ညဘက်ရိုက်ကွင်းတွေ ရှိသေးတယ်လေ!"

ဖန်းချန်က သူ့ကို ဘာမှမတတ်နိုင်သလိုလေးကြည့်တယ်။

"ငါ နင့်အတွက် ခွင့်ယူပေးထားမယ်"

"နင် ဒီအတိုင်း ထွက်မသွားနဲ့လေ~"

သူ ဖန်းချန်ကို ဆွဲထားတာ အသံနည်းနည်းကျယ်သွားပုံရတယ်။ လူဆိုးကောင်က လှည့်ကြည့်လာတယ်။

"ဘာဖြစ်တာလဲ?"

"အဲ..."

သူ ရှိုးတို့ရှန်းတမ်း ပြုံးပြလိုက်တယ်။

"ငါ့မိတ်ကပ်တွေ ဖျက်ရဦးမယ်။ ဆံပင်တုကို ဒီအတိုင်း အကြာကြီး စွပ်ထားရင် ဆံပင်တွေ ကျွတ်ကုန်လိမ့်မယ်"

*

လူမရှိတဲ့ အဝတ်လဲခန်းထဲမှာ ဝမ်ရိပေါ်နဲ့ ရှောင်းကျန့် နှစ်ယောက်တည်းသာ ရှိနေတယ်။

ဖန်းချန်က မိတ်ကပ်ဖျက်ပေးဖို့ လူသွားရှာတယ်။ ကျန်တဲ့လူတွေက အထဲဝင်မလာပဲ အပြင်မှာ မတ်တပ်ရပ်နေတယ်။ ရှောင်းကျန့် သူ့ဟာသူ ပွစိ ပွစိ ပြောလိုက်တယ်။

"မိတ်ကပ်ဆရာ ရှာမတွေ့ရင် ငါ့ဟာငါ လုပ်မှာပေါ့"

"ဘာပြောတာလဲ?"

"ဘာမှမဟုတ်ဘူး"

သူ မိတ်ကပ်ဖျက်တဲ့ ဂွမ်းဖတ်လုံးလေးတွေကို ရှာတွေ့သွားတယ်။ မိတ်ကပ်ဆရာတွေ လုပ်တာ မြင်ဖူးထားတာမို့ အရက်ပျံစွတ်ပြီး သူ့နဖူးကို သုတ်တယ်။ မှန်နားကို ကပ်ပြီး မှန်ကနေ တဆင့် ကြည့်လိုက်တဲ့အခါ လူဆိုးကောင်ဟာ အနောက်က စားပွဲကို မှီရပ်ပြီး သူ့ကို စိုက်ကြည့်နေတယ်။

Lion Heart ||Completed||Where stories live. Discover now