- 41 -

4.4K 648 29
                                    

အာရှဈေးကွက်မှာ စတင်ခဲ့တဲ့ အဖွင့်စာမျက်နှာလေးက လှတယ်လို့ပြောရမယ်။ PF ရဲ့ ရုံးချုပ်က အတွင်းလူတွေပဲ တက်ခွင့်ရှိတဲ့ private celebration တခုလုပ်တယ်။ ဝမ်ရိပေါ် ရောက်သွားတဲ့အချိန်မှာ တေးဂီတဝိုင်းတွေရဲ့ ဖျော်ဖြေမှုက စတင်နေပြီဖြစ်တယ်။ ချန်ချန်းဝမ်ရဲ့ private house မှာ လူပြည့်နေတယ်။ လူကြားထဲကို လျှောက်ဝင်သွားပြီး လှေကားပေါ်တွေကို ဖြတ်သန်းပြီးတဲ့နောက်မှာတော့ လူဆိုးတသိုက်ကို တွေ့လိုက်ရတော့တယ်။

အပြင်ကလေထုနဲ့ လုံးဝ ကွာခြားတယ်။ လူတချို့က ဆေးလိပ်သောက်ရင်း စကားပြောနေကြတယ်။ တဝက်တပျက် ဖွင့်ထားပြီးသား အရက်ပုလင်းတွေကို စားပွဲပေါ်မှာ တွေ့ရတယ်။ သူ ဝင်လာတာတွေ့တာနဲ့ ချန်ချန်းဝမ်က အားရဝမ်းသာ လက်ကမ်းတယ်။

"Wow-- ဒီညရဲ့ သူရဲကောင်းကြီး ရောက်လာပြီ"

ဝမ်ရိပေါ်က သူ့လက်ကို ရိုက်ချလိုက်တယ်။

"ဘာမဟုတ်တာတွေ လျှောက်ပြောနေတာလဲ?"

"ငါက မင်းဖွက်ထားတဲ့ တိတ်တိတ်ပုန်းချစ်သူလေးအကြောင်း ပြောနေတာ။ လတ်စသတ်တော့ အဲ့ဒါလေးက ထုတ်ချလိုက်တာနဲ့ အနုမြူဗုံးဖြစ်နေတာပဲ!"

ဝမ်ရိပေါ်ရဲ့ မျက်နှာက သိသိသာသာ ပျက်သွားတယ်။ တခြားလူတယောက်က တခုခုဖြစ်သွားမှန်း သိတာမို့ ချန်ချန်းဝမ်ကို လာဆွဲတယ်။

"သူ အရမ်းမူးနေပြီ"

"အားဆန်!"

ဝမ်ရိပေါ်က လက်ကမ်းလို့ အဲ့လူနဲ့ high five ရိုက်လိုက်တယ်။

"ဘယ်လိုလဲ? ဒီတခေါက် အင်္ဂလန်ကိုပြန်ပြီး ရင်းနှီးမြှုပ်နှံဦးမှာလား?"

အားဆန်ဆိုတဲ့လူက စားပွဲရှိရာ လျှောက်သွားပြီး အရက်ထည့်တယ်။ အဲ့ဒီ့နောက် ပြန်လျှောက်လာပြီး "Romane Conti in 1989" ကို သူ့ဆီ ကမ်းပေးတယ်။

ဝမ်ရိပေါ်ရဲ့ မျက်ခုံးတွေ မြင့်တက်သွားတယ်။

"Oh!"

သူ ဝိုင်ကို ခဏလောက် အရသာခံပြီး အသိအမှတ်ပြုတဲ့ပုံစံလေး လုပ်ပြလိုက်တယ်။ အဲ့ဒီ့နောက် ခေါင်းကိုခါတယ်။

"တလလောက်ကြာပြီးမှ အကဲဖြတ်ရလဒ်ထွက်မှာတော့ဆိုတော့ ဒါ သက်သက်အချိန်ဖြုန်းတာပဲ။ Southern Manor က ဝယ်ရတာ မတန်ဘူး"

Lion Heart ||Completed||Where stories live. Discover now