Extra 2 - မြှားနတ်မောင်ရဲ့လက်ဆောင်

4.2K 520 47
                                        

အင်္ဂလန်ရဲ့ရာသီဥတုက အမြဲ မှုန်မှိုင်းနေတယ်။ လေတွေတိုက်တဲ့အခါ နေမင်းကြီးပေါ် ရေငွေ့တွေ ဖုံးကာထားသလိုပဲ။ တမြို့လုံးဟာ Miller ရဲ့ ဆီဆေးပန်းချီကားလို မှိုင်းရီညို့နေတယ်။

ဝမ်ရိပေါ်က ဒီလိုရာသီဥတုမျိုးကို မုန်းတယ်။ အမြဲ မှိုင်းညို့နေပြီး မိုးက ဘယ်အချိန် ထရွာမယ်ဆိုတာ မသိရဘူး။ ကြည့်ရတာ တမြို့လုံးရဲ့ မြူနှင်းငွေ့တွေက သူ့ရင်ထဲမှာ တိမ်စိုင်တိမ်ခဲတွေ လာဖြစ်နေပုံပဲ။ ခြောက်သွေ့ပြီး အထီးကျန်နေတယ်။ ဒါပေမဲ့ သူ့ခြေလှမ်းကို အမြန်လှမ်းတဲ့အခါ ချန်ချန်းဝမ်က အနောက်ကနေ ဆက်တိုက်အော်ခေါ်နေတော့တာပဲ။

ချန်ချန်းဝမ်က ဆူညံပြီး အရမ်းကို ပျော်နေပုံရတယ်။ ဒါတွေအကုန်လုံးဟာ ပါမောက္ခဆီကို တင်တဲ့ ဝမ်ရိပေါ်ရဲ့ စာတမ်းကြောင့် ဖြစ်တယ်။ သူတို့ ဒီနေ့ အတူတူ စာတမ်းသွားတင်ခဲ့ကြတယ်။

ငပွေဝမ်နဲ့ အားဆန်က သူ့နောက်ကွယ်မှာ လောင်းကြေးထပ်နေကြတယ်။ ဝမ်ရိပေါ် သေချာ ကြားလိုက်ရပေမဲ့ ဂရုစိုက်နေဖို့ အချိန်မရှိဘူး။

ပါမောက္ခပြောလိုက်တဲ့စကားကို သူ အခုထိ စဉ်းစားနေတုန်းပဲ။

[မင်းက ဖြူကောင်နဲ့ အရမ်းတူနေတယ်။ တယောက်ယောက် မင်းအနား ကပ်လာတာနဲ့ မင်းတကိုယ်လုံးကဆူးတွေကို ထောင်ပစ်လိုက်တော့တာပဲ။ ရိပေါ် ဒါမျိုးက မိုက်မဲတဲ့အမူအကျင့်မျိုးပဲ။]

ဒါတွေ ဘယ်တုန်းက စခဲ့တာလဲ?

ကြည့်ရတာ သူ့အသက် ၇ နှစ်အရွယ်တုန်းက မိဘနှစ်ပါးရဲ့ စိတ်ပိုင်းဆိုင်ရာ ကွဲကြေမှုမုန်တိုင်းတွေဟာ butterfly effect လိုမျိုး သူ့အပေါ် သက်ရောက်ခဲ့ပုံပါပဲ။ အဲ့ဒီ့အရာတွေဟာ တိတ်ဆိတ်တဲ့ လှိုင်းလုံးတွေအဖြစ် ပြောင်းသွားပြီး သူ့ကို ဆက်တိုက် ရိုက်ခတ်နေခဲ့တယ်။ လူပျိုပေါက်အရွယ် သူများတွေ ရည်းစားထားနေကြချိန်မှာ သူတယောက်တည်းကသာလျှင် သူ့အနား ကပ်လာသူ မှန်သမျှကို ပိုင်နက်ထဲ ကျူးကျော်ဝင်ရောက်ခြင်းခံရတဲ့ ခြင်္သေ့တကောင်လိုမျိုး ထက်မြက်တဲ့အစွယ်တွေ၊ လက်သည်းတွေ ထုတ်ပြခဲ့တယ်။

Lion Heart ||Completed||Where stories live. Discover now