- 2 -

9.3K 990 8
                                        

ရှောင်းကျန့် ဒီအတိုင်း အိပ်ပျော်သွားခဲ့တယ်။ ၈ နာရီကျော် ၉ နာရီလောက်မှာ တရေးနိုးတယ်။ ခါတိုင်း ဒီလိုမျိုး ဝမ်ရိပေါ် ပြန်လာမှာကို စောင့်ဖို့ မလိုတဲ့ နေ့တွေမှာ သူ တညလုံးနီးပါး မအိပ်ပဲ နေတတ်တယ်။ ရုပ်ရှင်ကြည့်တာမျိုး၊ စာဖတ်တာမျိုး လုပ်နေလေ့ရှိပြီး တခြားအောင်မြင်တဲ့ကြယ်ပွင့်တွေလို အသားအရည် ဂရုစိုက်စရာ လိုမနေဘူးလို့ သူ ထင်တယ်။

အရက်ကြောင့်ထင်တယ်။ သူ မနေ့က ပြန်လာတာနဲ့ ရေမချိုးတော့ပဲ အဝတ်တွေ ဒီတိုင်းချွတ်ပြီး အိပ်ပျော်သွားခဲ့တယ်။

သူနေတဲ့ ဗီလာက သိပ်မကျယ်ဘူး။ ဒါပေမဲ့ တည်နေရာက နည်းနည်းကျယ်ဝန်းတယ်။ တောင်ထိပ်ပေါ်မှာ ဆောက်ထားတာဖြစ်ပြီး အမြင့်ဆုံးနေရာမှာ ရှိတယ်။ အပေါ်ကနေ ကြည့်လိုက်ရင် ရေကန်ရဲ့အဝေးက ရှုခင်းတွေကို လှလှပပ မြင်နေရတယ်။ တောင်ထိပ်ပေါ်ကို တက်လာတဲ့ကားတိုင်းအတွက် ဗီလာအောက်မှာ အစောင့်ရှိတယ်။ အပြင်လူတွေ ဝင်ချင်တိုင်း ဝင်လို့မရဘူး။ ဧည့်ခန်းနဲ့ မျက်နှာချင်းဆိုင် ရေကန်ကို မြင်နေရပြီး မှန်တံခါးတွေမှာ အထဲကြည့်လို့မရတဲ့ anti-peeping မှန်သားတွေ ကာထားတယ်။ အဲ့ဒါကြောင့် အရမ်းလုံခြုံတယ်။

ဗီလာဆိုတာထက် ရှောင်းကျန့်အမြင်အရပြောရရင် ဘန်ဂလိုလုံးချင်းအိမ်သေးလေးလို့ ပြောလို့ရမယ်ထင်တယ်။ အပေါ်ထပ်နဲ့ အောက်ထပ်ကို ဥယျာဉ်ပုံစံ တည်ဆောက်ထားပြီး အောက်ထပ်မှာ မီးဖိုချောင်ထားတယ်။ ဒါပေမဲ့ သူက အောက်ထပ် ဆင်းတာ ရှားပါတယ်။ အပေါ်ထပ်က ရှုခင်းကြည့်လို့လှလို့ သူ သဘောကျတယ်။ လူနည်းနည်းကသာ ဒီအိမ်ဟာ ဝမ်ရိပေါ်အပိုင်မှန်း သိကြတာဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဝမ်ရိပေါ်က ဒီအိမ်မှာ ဘယ်တုန်းကမှ အကြာကြီး မနေခဲ့လို့ပါပဲ။ ဒီအိမ်ကို သူ့အတွင်းရေးမှူးနဲ့ ဒရိုင်ဘာကလွဲရင် တခြား ဘယ်သူ့ကိုမှ ခေါ်မလာခဲ့ဖူးဘူး။

တခါတလေကျရင် သူ ဝမ်ရိပေါ်အကြောင်း စဉ်းစားကြည့်မိတယ်။ သူ့အရင်မှာ ဝမ်ရိပေါ်ဟာ ဒီလိုပဲ တခြားလူတယောက်ကို တိတ်တိတ်ပုန်း ထားခဲ့ဖူးလားဆိုတာကိုပေါ့။ ဒါပေမဲ့ ဝမ်ရိပေါ်က အရမ်းလျှို့ဝှက်လွန်းတယ်။ သူ တခါမှ ဟာကွက်ရှာမတွေ့ခဲ့ဘူး။

Lion Heart ||Completed||Where stories live. Discover now