ကောင်းကျို့ သူ့ကို ပေးတဲ့စာက ဇာတ်ညွှန်းလောက်မများတဲ့ တမျက်နှာသာသာ စာရွက်လေးဖြစ်တယ်။
ဒါကိုက သူ့ရဲ့ရှုတင်စတိုင်ဖြစ်တယ်။ တကယ့် အစစ်စာသားတွေက သရုပ်ဆောင်တွေ ရိုက်ကွင်းရောက်လာမှ ပေးတာဖြစ်တယ်။
စာရွက်ပါးလေးပေါ်မှာ ဘောပင်နဲ့ခြစ်ထားတဲ့ title က : "Eternal Crossing of the Ganges" တဲ့။
အထဲမှာ အင်္ဂလိပ်လိုရေးထားတဲ့စာသားတွေလည်းပါတယ်။
"Ah, man returneth eternally! The small man returneth eternally!"
ဇာတ်လမ်းအစက မြို့ငယ်လေးတမြို့မှာနေတဲ့ ဆယ်ကျော်သက်ကောင်လေးနဲ့ ကောင်မလေးတို့ စုံတွဲကနေ အစပြုတယ်။ အားလီနဲ့ ယန်းမေဟာ အတူတူကြီးပြင်းလာကြတဲ့ ငယ်သူငယ်ချင်းတွေဖြစ်တယ်။ အားလီရဲ့ ငယ်ဘဝမှာ မိဘနှစ်ပါး ကွာရှင်းပြီး အားလီက အမေနဲ့ အဖွားနဲ့အတူ နေတယ်။ အားလီက ရှက်တတ်ပြီး မိန်းကလေးဆန်တဲ့ ကောင်လေးဖြစ်တယ်။ ယန်းမေကတော့ တည့်တိုးအိုးပေါက်ပြောတတ်တဲ့ ကောင်မလေးဖြစ်တယ်။
အသက် ၁၆ နှစ်မှာ ယန်းမေဟာ အားလီရဲ့ လိင်တိမ်းညွတ်မှုကို မတော်တဆ သိရှိသွားခဲ့ပြီး လှောင်ပြောင်ခဲ့တယ်။ နှစ်ယောက်သား သူငယ်ချင်းအဖြစ်က ပြတ်စဲပြီး တယောက်တနေရာစီ ပညာသင်ရင်း ဝေးကွာသွားခဲ့တယ်။ သူတို့ ပြန်တွေ့တဲ့အချိန်မှာ ယန်းမေသတိထားမိတာက အနားရှိတဲ့လူအကုန်လုံး ပြောင်းလဲသွားကြတာပဲ။ အားလီတယောက်တည်းကသာ မပြောင်းလဲသလို ရှိနေခဲ့တာဖြစ်တယ်။ အားလီမှာ သူတို့ဆယ်ကျော်သက် ဘဝတုန်းကလို နူးညံ့မှုတွေ ရှိနေတုန်းပဲ။ နှစ်ယောက်သား ခဏလောက် တွေ့ပြီးနောက် ခွဲခွာကြပြီး နောက်နှစ်မှာ ပြန်တွေ့ဖို့ ကတိပေးခဲ့ကြတယ်။
နှစ်အနည်းငယ် ကြာပြီးတဲ့နောက်မှာ နှစ်ယောက်လုံး သူ့အလုပ်နဲ့သူ အောင်မြင်သွားကြတယ်။ အားလီက urban planner အဖြစ်။ ယန်းမေက အောင်မြင်သူ စာရေးဆရာမအဖြစ်နဲ့ပေါ့။ ဒါပေမဲ့ နှစ်ယောက်လုံး Single ဖြစ်နေတုန်းပဲ။ အားလီက ပြီးပြည့်စုံတဲ့ relationship မျိုးကို အမြဲတမ်း လိုချင်ခဲ့တယ်။ ဒါပေမဲ့ ယန်းမေကတော့ အရွယ်ရောက်ပြီး အမျိုးသမီးတွေ တွေ့ကြုံရတဲ့ ပြဿနာတွေကို တွေ့ကြုံရတော့တဘ်။
YOU ARE READING
Lion Heart ||Completed||