ဝမ်ရိပေါ်က သူ လုပ်စရာရှိတယ်ဆိုလို့ ရှောင်းကျန့်ကအရင် ရေထဲ ဆင်းသွားတယ်။ ခေါင်းထဲ ဘာမှ တွေးစရာမရှိ၊ ဘာမှ မတွေးပဲ ရေပူစမ်းထဲ စိမ်ရတာ တကယ် အရမ်းကိုဇိမ်ရှိတယ်။ ကျောက်ခဲလေးတွေနဲ့ ထွင်းထားတဲ့ လှေကားထစ်လေးတွေပေါ် ထိုင်ပြီး ခဏလောက် ရေဆော့လိုက်သေးတယ်။ ဘေးမှာ တပွက်ပွက်ထွက်နေတဲ့ ရေပူစမ်းပိုက်ကို သူ လက်နဲ့ကာလိုက်တယ်။ နောက်ဆုံးမှာတော့ ဆော့ရတာ ပင်ပန်းသွားတာမို့ ကျောက်တုံးတွေပေါ်ထိုင်ရင်း သီချင်းတိုးတိုး ညည်းနေမိတော့တယ်။
ဝမ်ရိပေါ် ရောက်လာတဲ့အချိန်မှာ သူ့ကို ကျောပေးထားတဲ့ ရှောင်းကျန့်ကို တွေ့ရတယ်။ ကျောက်တုံးတွေပေါ် ထောက်ထားတဲ့လက်ကြောင့် သူ့ရဲ့ ပခုံးရိုးကျဉ်းကျဉ်းလေးက ကျိုးနေတဲ့ လိပ်ပြာတောင်ပံလေးလိုပဲ။ သူ့တကိုယ်လုံးဟာ အပူငွေ့ကြောင့် ရဲနေတယ်။ ရေစက်လေးတွေဟာ ခန္ဓာကိုယ်အပေါ်ပိုင်းကနေ ကျောရိုးတလျှောက် စီးဆင်းသွားတယ်။
သူ ရေသံကြားလို့ နောက်လှည့်ကြည့်မလို လုပ်တဲ့အချိန်မှာတော့ လွတ်မြောက်ဖို့ အရမ်းကို နောက်ကျသွားပြီဖြစ်တယ်။ ဝမ်ရိပေါ်ဟာ သူ့ကို အနောက်ကနေ သိုင်းဖက်ရင်း ကိုယ်ကိုလှည့်လို့ တကိုယ်လုံးကို ပွတ်သပ်တယ်။
ရှောင်းကျန့်စိတ်ထဲ သူဟာ အရုပ်အကြီးကြီးတရုပ်လိုပဲ။ ဝမ်ရိပေါ်ရဲ့လက်က သူ့ခါးကနေ ရင်ဘတ်ထိ ပွတ်သပ်ပြီး တက်လာတယ်။ ရေပူစမ်းထဲကရေက နွေးနေပြီး ရှောင်းကျန့် ခါးအောက်ပိုင်း အနောက်ဘက်နဲ့ ထိတွေ့နေတဲ့ အဲ့အရာကြီးက ပိုပြီးတော့တောင် ပူနွေးနေတယ်။ ရှောင်းကျန့် အနည်းငယ်ရုန်းလိုက်ပြီး မျက်နှာကို လှည့်လို့ ခန္ဓာကိုယ်ကို အနောက် မှီချလိုက်တယ်။
"အရမ်းပူတယ်။ ဒီမှာ မလုပ်ချင်ဘူး"
"ဇိမ်ရှိသွားတာနဲ့ ထွက်ပြေးချင်ပြီပေါ့လေ"
ဝမ်ရိပေါ်က သူ့လက်ကို ဆွဲယူပြီး သူ့တင်ပါးကို ခပ်ဖွဖွ ရိုက်တယ်။ အဲ့ဒီ့နောက် သူ့ခြေထောက်ကို တွန်းလိုက်ပြီး ရှေ့က ကျောက်ခဲတွေပေါ် တင်လိုက်တယ်။
ရှောင်းကျန့်မှာ ကျောက်ခဲတွေပေါ် ထိုင်လိုက်ရတယ်။ ရေပူစမ်းထဲက ရေတွေဟာ သူ့တင်ပါးကြားထဲကို စီးဝင်သွားတယ်။ မေလမို့ လေက သိပ်မအေးဘူး။ သူ့ခြေထောက်တွေဟာ ရေပူစမ်းထဲမှာ ရှိနေတုန်းဖြစ်တယ်။ ရှောင်းကျန့်နှုတ်ကနေ သက်တောင့်သက်သာရှိတဲ့ သက်ပြင်းလေး ထွက်သွားတယ်။ ရဲနေတဲ့ပါးတွေဟာ နူးညံ့နေတယ်။
YOU ARE READING
Lion Heart ||Completed||