လူဆိုးကောင်က နောက်ပိုင်းမှာ ရူးသွပ်သွားသလိုပဲ။ ဘယ်လောက်ကြာကြာထိ သူ အပြုခံလိုက်ရမှန်း ရှောင်းကျန့် မမှတ်မိတော့ဘူး။ သူ မနက် နိုးတဲ့အချိန်ထိ သူ့ထဲမှာ ရှိနေတုန်းပဲ။ နှစ်ယောက်သားဟာ ရင်ချင်းဆက်အမြွှာတွေလို ပူးကပ်နေတယ်။ ရှောင်းကျန့်မှာ ဒေါသလည်းထွက်၊ စိတ်လည်းဆိုးပြီး နာလည်း နာနေတယ်။ မနေ့ညက အားကုန်ထားလို့သာမဟုတ်ရင် သူ့ခြေဖဝါးဟာ လူဆိုးကောင်ရင်ဘတ်မှာ အရာထင်နေလောက်မှာ သေချာတယ်။
သူ ရှေ့ကို တိုးကြည့်တယ်။ ဝမ်ရိပေါ်ဟာ အိပ်ပျော်နေတာတောင် သူ့ဟာက လျှော့တွက်လို့မရတဲ့ အရွယ်အစားထဲမှာ ပါတယ်။ သူ့စိတ်ထဲ သူ့ခန္ဓာကိုယ်အောက်ပိုင်းဟာ ထုံကျင်နွမ်းနယ်နေပြီး လှုပ်မရတော့ဘူးလားတောင် ထင်ရတယ်။ အကြိမ်ပေါင်းများစွာ ပြီးထားခဲ့တာမို့ သူ့ရှေ့ကဟာပါ နာကျင်နေရတာ ဒါ ပထမဆုံးပဲ။ ဝမ်ရိပေါ်နဲ့ အိပ်နေရတဲ့အချိန်မှာ သူ့ရင်ထဲ ဝမ်းနည်းမှုတွေ ပြည့်နေတယ်။ သူ့မှာ ဝမ်းနည်းလွန်းလို့ မိဘတွေရှိရာ ချက်ချင်း ပျံသန်းသွားချင်တဲ့အထိပဲ။
ရုတ်တရက်ကြီး ရှန်ချိန်းက သူ့အိမ်ကို လွမ်းသွားတယ်။ နောက်ဆုံးအကြိမ် သူ့မိဘတွေနဲ့ တွေ့ဖြစ်ခဲ့တဲ့အချိန်ဟာ တရုတ်နှစ်သစ်ကူးတုန်းက ၂ ရက်သာဖြစ်တယ်။
သူ ဘယ်လောက်ပဲ အသက်ကြီးနေပါစေ။ မိဘတွေကတော့ သူ့ကို ကလေးလေးလိုပဲ ဆက်ဆံတယ်။
သူဟာ အချစ်ခံရတဲ့ကလေး ဖြစ်ချင်ခဲ့တယ်။ ကြီးပြင်းလာမှုမရှိပဲ၊ ဒီလို ရှုပ်ထွေးပွေလီတဲ့ကိစ္စတွေကို ကြုံတွေ့ရခြင်းမရှိပဲ၊ မိဘတွေရဲ့ နှလုံးသားထဲမှာ အမြဲတမ်း အချစ်ခံရဖို့ ထိုက်တန်ပြီး လိမ္မာတဲ့ကလေးပဲ ဖြစ်ချင်ခဲ့တယ်။
ဒီလိုမျိုး အပေါက်တွေ၊ အပုပ်တွေနဲ့ အိပ်ရာထဲကတောင် မထနိုင်တဲ့အထိ အလုပ်ခံရတဲ့ဘဝမျိုးထက် စာရင်ပေါ့။
သူ လွတ်မြောက်သွားချင်တယ်။ သူ့နှလုံးသားအောက်ခြေမှာ မီးတွေ တောက်လုမတတ် ပူလောင်နေတယ်။ သူ ဘယ်ကိုဖြစ်ဖြစ်သွားမယ်။ ဒီလူဆိုးကောင်အနား မနေရရင် ပြီးရော။
တကယ်တော့ သူ လှုပ်လိုက်ကတည်းက ဝမ်ရိပေါ်က နိုးနေပြီဖြစ်တယ်။
YOU ARE READING
Lion Heart ||Completed||