ဒရိုင်ဘာက ရှောင်းကျန့်ကို တောင်ပေါ်အိမ် လိုက်မပို့ပဲ မင်းယောင်ဟိုတယ်ရဲ့ အောက်ထပ်မှာ ချပေးသွားခဲ့တယ်။
လူဆိုးကောင်ကို တွေ့ခါနီးတိုင်း ရှောင်းကျန့်မှာ ရှက်ရတာ သေမလိုပဲ။ အရင်တခေါက် သူ လုရှို့မင်ကို မှားယွင်းစွပ်စွဲခဲ့မိတာ သတိရသွားတယ်။ ဒါကြောင့်လည်း အဲ့တုန်းက လူဆိုးကောင် အံ့ဩသွားတာပေါ့။ လုရှို့မင်က သူ့ကို သူတို့အေဂျင်စီခေါ်ဖို့ ချဉ်းကပ်တာ။ သူ့ကို အနာတရဖြစ်အောင် ဘယ်လိုလို့ လုပ်မှာလဲ။
ဝမ်ရိပေါ် သေချာပေါက် အကုန်သိထားပြီးလောက်ပြီ။
သူ့မှာ ဓါတ်လှေကားစီးရင်း နံရံကိုတောင် ဆောင့်သေပစ်လိုက်ချင်တယ်။ ဘုရားရယ်။ အခုချက်ချင်း မီးပျက်သွားပေးပါလား။
ဒါပေမဲ့ ဒီနေ့မှာ နတ်ဘုရားတွေက သူ့ဆုတောင်းသံကို မကြားတဲ့ပုံပါပဲ။ ဓါတ်လှေကားဟာ သူ့ကို ထိပ်ဆုံးထပ်ရှိရာ လျောလျောရှူရှူ သယ်ဆောင်သွားရုံတင်မဟုတ်ဘူး။ ဝေ့ပေါ်မှာလည်း ပွက်လောရိုက်နေတဲ့ Hot Search သတင်းကြောင့် ဝင်ဝင်ချင်း ဝမ်ရိပေါ်ရဲ့ စူပုပ်နေတဲ့မျက်နှာက သူ့ကို ကြိုဆိုလိုက်တာပါပဲ။
"ဒါ ဘာလဲ?"
ရှောင်းကျန့်က ဖုန်းကို နားမလည်သလိုလေး ယူကြည့်တယ်။ ရင်ထဲ ထိတ်ခနဲ ဖြစ်ရမှုနဲ့အတူ Hot Search နံပါတ် ၁ မှာ တက်နေတဲ့သတင်းက #လုရှို့မင်လေဆိပ်# ဆိုတဲ့စာဖြစ်တယ်။
သူ့ရင်ထဲမှာ အလုံးကြီးကျသွားတယ်။ ပထမဆုံး HS နံပါတ် ၁ မှာ သူ့နာမည်ကို mention မထားပေမဲ့ #လုရှို့မင်ရှောင်းကျန့်# ဆိုတဲ့စာက နံပါတ် ၄ မှာ ချိတ်နေတယ်။ ဆက်ဆွဲချကြည့်တဲ့အခါ #ရှောင်းကျန့်လေဆိပ်# ဆိုတဲ့စာက နံပါတ် ၁၁ မှာ ရှိနေပြီး ၁၂ မှာတော့ #လဲ့ယောင်# ရှိတယ်။ အဲ့ဒီ့အောက်ရဲ့ ၃၉ ခုမြောက်မှာတော့ #လုကျန့်# ဆိုတဲ့စာကို တွေ့ရတယ်။
ရှောင်းကျန့် ပိုပိုလန့်လာတယ်။ လူတွေရဲ့ အာရုံစိုက်မှုက အတော်မြန်တာပဲ။ #လုကျန့်# ဆိုတဲ့ HS ထဲက ပုံတွေမှာ သူက နေကာမျက်မှန်တပ်ထားပြီး လုရှို့မင်ကို ကြည့်နေတယ်။ လုရှို့မင်က သူ့ကို ပြုံးကြည့်နေတယ်။ ရှုထောင့်ပေါင်းစုံက ရိုက်ထားတဲ့ပုံတွေဖြစ်ပြီး အကုန်လုံးမှာ လုရှို့မင်က သူ့ကို ပြုံးပြနေတယ်။
YOU ARE READING
Lion Heart ||Completed||