- 15 -

5.9K 712 14
                                        

ရှောင်းကျန့် ဒီလိုမျိုး ကြားဖူးတယ်။ သရုပ်ဆောင်နေတဲ့အချိန်မှာ အရင်တုန်းက အနုပညာဓါတ်ခံတွေဟာ စိတ်ပိုင်းဆိုင်ရာ အကြပ်အတည်းကို သယ်ဆောင်လာတယ်တဲ့။ ရှင်းရှင်းပြောရရင် သရုပ်ဆောင်တွေကို တွေ့တဲ့အခါ ဆက်လက်ဖျော်ဖြေဖို့ အရမ်းကြောက်နေတာမျိုး။

အစပိုင်းတုန်းကတော့ သူ သိပ် စိတ်မလှုပ်ရှားခဲ့ပါဘူး။ ဒါပေမဲ့ တုလင်းမင်းသမီးကြီးရဲ့စကားတွေက သူ့ကို အတွေးပေါင်းစုံ တွေးစေတယ်။ သူ စဉ်းစားကြည့်တယ်။ တခြား ဘယ်သူရှိဦးမှာလဲ။ ဝမ်ရိပေါ်လား။

လုရှို့မင်တော့ မဖြစ်နိုင်ဘူး ဟုတ်?

အဲ့တော့ ဒုတိယမြောက်ရိုက်ကွင်း ပြန်စချိန်မှာ နောက်ထပ် cut scene ဖြစ်သွားရပြန်တယ်။

လက်ထောက်ဒါရိုက်တာကျန်းက သူ့ကို စပီကာနဲ့ အော်တယ်။

"ရှောင်းကျန့် မင်း တုကျဲနဲ့ တွေ့တဲ့အခါ မင်းပုံစံက အရမ်းကြောက်နေတဲ့ပုံဖြစ်ရမှာ။ နာကျင်မှုထက် ဝမ်းနည်းမှုပိုတဲ့ ခံစားချက်မျိုး။ မင်းမျက်နှာအမူအရာကို အရမ်း ရှုံ့မဲ့နေစရာ မလိုဘူး"

လက်ထောက်ဒါရိုက်တာကျန်းရဲ့ ပြောစကားတွေက သူ့ကို‌ ခေါင်းကိုက်စေတယ်။ ရှောင်းကျန့် တကယ်ကို နားမလည်ဘူး။ မျက်မှောင်ကြုတ်တာဟာ ဝမ်းနည်းမှုကို ဖော်ပြတာမှ ဟုတ်ရဲ့လားဆိုတာကိုပေါ့။ နောက်ထပ် ၃ ခါလောက် ရိုက်ပြီးတဲ့အထိ အဆင်မပြေသေးဘူး။

၆ ကြိမ်မြောက်မှာ တုလင်းကျဲက သူ့ကို မျက်ခုံးပင့်ပြတယ်။

"ငါတကယ် ဒီမှာ"

ဒါ ဘာသဘောလဲဆိုတာ ရှောင်းကျန့် နားမလည်ဘူး။ တုလင်းကျဲရဲ့လက်က ရုတ်တရက် သူ့လည်ပင်းကို ဖျစ်ကိုင်လိုက်တယ်။ သူ မသိလိုက်ဘာသာနဲ့ လက်ကို ရုန်းဖို့လုပ်တယ်။ ဖိအားကြောင့် သူ့မျက်နှာရဲပြီး အသက်ရှူရ ခက်ခဲသွားတယ်။ တဖက်လူရဲ့လက်ကောက်ဝတ်ကို သူ ဖမ်းဆုပ်ပြီး တွန်းဖယ်ဖို့ လုပ်တယ်။ ရုတ်တရက် တုလင်းကျဲရဲ့ လက်ကောက်ကို ကိုင်မိတဲ့အခါ ဒါဟာ သရုပ်ဆောင်နေတာပါလားလို့ သူ သတိရသွားပြီး မရုန်းတော့ဘူး။ သူ့ခေါင်းကိုမော့လို့ တဖက်လူရဲ့ မျက်ဝန်းတွေကို ရင်ဆိုင်မိတဲ့အခါ သူ့မျက်ခုံးနဲ့ နှာခေါင်းလေး ရှုံ့သွားတယ်။ ဝဲတက်လာတဲ့မျက်ရည်တွေနဲ့အတူ ချောင်းဆိုးချင်စိတ် ပေါက်လာတယ်။ ဒါပေမဲ့ ကင်မရာတွေ အများကြီး ဝန်းရံနေတာမို့ သူ ချောင်းမဆိုးရဲဘူး။ နောက်ဆုံး သူ ခေါင်းကို ခါလို့ ရုန်းဖယ်လိုက်ပြီး မွန်းကြပ်နေတာတွေကြောင့် အသက်မြန်မြန် ရှူသွင်းလိုက်တယ်။

Lion Heart ||Completed||Where stories live. Discover now