- 50 -

5.2K 673 81
                                        

"မင်း သဘောမကျဘူးလား?"

ဝမ်ရိပေါ်က မျက်မှောင်ကြုတ်တယ်။

"ဘယ်သူက ကြိုက်မှာလဲ။ ငါ မုန်းနေပြီ!"

"ဒါပေမဲ့"

ဝမ်ရိပေါ်အသံက ဆို့နင့်သွားတယ်။

"ငါ သေချာစဉ်းစားပြီးတဲ့နောက်မှာ မင်းကို ပေးနိုင်တဲ့အကောင်းဆုံးအရာက ဒါပဲရှိတယ်"

သူ ဒီစကားတွေကို သေချာ တည်တည်ငြိမ်ငြိမ် ပြောတာဖြစ်တယ်။ နားထောင်ပြီး ရှောင်းကျန့်လည်း အံ့ဩသွားတယ်။ ဒါပေမဲ့ မတတ်နိုင်စွာ သူ့မှာ ငြင်းဆိုရတယ်။

"ငါလိုချင်တာ ဒါတွေလို့ မင်း ထင်နေလား?"

သူ စာချုပ်တွေကို ကောက်ယူပြီး ဝမ်ရိပေါ်ရှေ့ ယမ်းပြလိုက်တယ်။

"ငါ့မှာ ငွေရှိတယ်"

သူ ဒီလိုမျိုး အားမရှိတဲ့လေသံနဲ့ ပြောဖြစ်တာ ရှားတယ်။ ဒါပေမဲ့ ကျန်တဲ့စကားတဝက်ကို ခပ်တိုးတိုး ထပ်ပြောလိုက်တယ်။

"မင်းလောက် မရှိပေမဲ့ပေါ့လေ"

"အဲဒါဖြင့် မင်းလိုချင်တာဘာလဲ?"

ဝမ်ရိပေါ်က သူ့လက်ကို ဆုပ်ကိုင်ပြီး စိုးရိမ်ပူပန်စွာမေးတယ်။

ဟုတ်ပြီ။ သူလိုချင်တာဘာလဲ?

သူ့လက်ထဲမှာ ငွေအနည်းငယ်ရှိတယ်။ သူ စာချုပ်ပြည့်တာနဲ့ ထွက်သွားဖို့ ပြင်ထားခဲ့တယ်။ ဒါပေမဲ့ အခု သူ ဘာတွေလုပ်နေတာလဲ?

ဝမ်ရိပေါ်က သူ့ကို ငေးကြည့်နေတယ်။ အဲ့ဒီ့နောက် သူ့လက်ကို လှုပ်ယမ်းလို့ ထပ်မေးတယ်။

"မင်း ဘာလိုချင်လဲ? မင်းလိုချင်တာကို ငါပေးလို့ရလား?"

ရှောင်းကျန့် အောက်နှုတ်ခမ်းကို ဖိကိုက်ထားရင်း ဝမ်ရိပေါ်ကို ကြည့်နေမိတယ်။ လောကကြီးမှာ ဘာလို့များ ဒီလောက် စိတ်တိုစရာကောင်းတဲ့သူ ရှိနေရတာလဲ?

သူ့မှာ ချောမောတဲ့မျက်နှာရှိတယ်။ ပုံမှန်ဆိုရင် မျက်နှာတည်ထားတတ်တာ သေမလိုပဲ။ ဒါပေမဲ့ အခုချိန်မှာ ဘာလို့များ မိုးသည်းညထဲ ခွေးပေါက်လေး မိုးမိထားသလို မျက်လုံးမျိုးနဲ့ သူ့ကို ကြည့်နေရတာလဲ? သူ့မျက်ဝန်းလေးတွေက စိုစွတ်နေတယ်။ စိတ်လှုပ်ရှားနေမှုက အထင်းသားပေါ်နေတယ်။ ဒါပေမဲ့ သူမေးတဲ့မေးခွန်းက လူတွေ ပြောသမျှစကားထဲ အတုံးအ ဆုံးသော မေးခွန်းဖြစ်နေတယ်။

Lion Heart ||Completed||Where stories live. Discover now