အားလပ်ရက်ရောက်ဖို့ ရက်နည်းနည်းပဲ လိုတော့တယ်။ ရှောင်းကျန့်က ကင်မရာအဖွဲ့သားတွေနောက် လိုက်ပြီး ကာလကတ္တားကို သွားရမယ်။ ဝမ်ရိပေါ်က နယူးဒေလီကို တိုက်ရိုက်ဖလိုက်နဲ့ သွားပြီး ကျန်းရှန် ဦးဆောင်တဲ့ အဖွဲ့သားတွေနဲ့ တွေ့ဆုံရမှာဖြစ်တယ်။ ပြီးရင် အရှေ့တောင်အာရှတခွင် ခရီးတွေထွက်ပြီး သူ့အစီအစဉ်တွေအတွက် တွက်ချက်မှုတွေ လုပ်ရမယ်။
တရုတ်နှစ်သစ်ကူးက ခပ်မြန်မြန်ပဲ ရောက်လာတယ်။ ရှောင်းကျန့်ဟာ အိန္ဒိယမှာပဲ ဖက်ထုပ်ဝယ်စားတယ်။ နှစ်ကူးအတွက် စာအိတ်နီတွေတောင် သူ ရလိုက်သေးတယ်။
သူ ဒီအကြောင်းတွေ ဝမ်ရိပေါ်ကို ဝီချက်ကနေ ပြောပြတဲ့အခါ သိပ်သဘောမတွေ့မိဘူး။ ဒါပေမဲ့ ဝမ်ရိပေါ်ဟာ နှစ်ကူးရဲ့ တတိယနေ့မှာ စပိန်ကို ခရီးထွက်ရမယ်ဆိုတာ ကြားတဲ့အခါ သူ့မှာ ပိုပြီးတော့တောင် စကားတွေ ဆွံ့အသွားရတယ်။
"မင်းက သူဌေးလေ။ ဘာလို့ အဲ့လောက်ပင်ပန်းနေရတာလဲ?"
"အဲ့လောက် မပင်ပန်းပါဘူး။ ဘာပဲပြောပြော နွေဦးပွဲတော်ကာလက အချိန်ကောင်းမဟုတ်ဘူး"
"မင်းမှာ ဆွေမျိုးတွေ မရှိဘူးလား?"
"အဖွားကို သွားတွေ့ရမယ်။ တခြား ဘာမှ လုပ်စရာ သိပ်မရှိဘူး"
"အဲ့ဒါဖြင့် မင်းမှာ ဆွေမျိုးနည်းနည်းပဲ ရှိတာပေါ့"
"အင်း"
ဝမ်ရိပေါ်က ဒီကိစ္စအကြောင်း ဆက်မပြောချင်တာမို့ တခြားစကားကို ပြောင်းတယ်။
"ငါ အဖွားဆီမှာ ၂ ပတ်လောက် နေရမယ်"
"ဪ"
သူ ခဏလောက် စောင့်လိုက်သေးတယ်။ ရှောင်းကျန့်ဘက်က ဘာမှထပ်မပြောလာတဲ့အခါ သူ ထပ်ပြောလိုက်တယ်။
"Valentine's Day မှာ ပြန်မလာဖြစ်လောက်ဘူး"
ရှောင်းကျန့်က ခုမှ သတိရသွားတာဖြစ်တယ်။ သူ့ပါးစပ်ကနေ "အာ"လို့ ထွက်သွားတယ်။
စိတ်မပျက်ဘူးလို့ပြောရင် ဒါဟာ လိမ်တာပဲပေါ့။ ဖုန်းတဖက်ကနေ ဝမ်ရိပေါ်က ခပ်တိုးတိုးမေးလာတယ်။
YOU ARE READING
Lion Heart ||Completed||