- 36 -

4.7K 630 59
                                    

ဝမ်ရိပေါ်က တညလုံးနေပြီးမှ ပြန်သွားတယ်။ ဒါပေမဲ့ ရှောင်းကျန့်ကတော့ နောက်ကျမှ ပြန်တယ်။

ဝမ်ရိပေါ် ပြန်သွားလို့ ၂ ရက်အကြာမှာ သူ return flight ဝယ်လိုက်တယ်။

အခု သူ့မှာ အလုပ်မရှိတော့ဘူးဆိုတော့ ပါရီမှာ သူများငွေနဲ့ ကြာကြာနေရမှာ ရှက်ဖို့ကောင်းတယ်။ ရှောင်းကျန့်ဟာ အမြဲတမ်း ဒါမျိုးကို သတိထားနေတယ်။ အကျိုးဆောင်ပေးသူဘက်က သူ့ကို ငွေပေးတာက ငွေပေးတာသပ်သပ်ပဲ။

တခြားလူတွေကတော့ သူ့ကို မြင့်မြတ်ချင်ယောင်ဆောင်တယ်ဆိုပြီး ရယ်ချင်ရယ်ကြလိမ့်မယ်။ ဒါပေမဲ့ ရှောင်းကျန့်ကတော့ တကယ် အဲ့လိုတွေးတာဖြစ်တယ်။

ပိုင်ရှီကို ပြန်ရောက်ပြီးတာနဲ့ တပတ်လောက် နားတယ်။ ဖန်းချန်က သူ့ကို စာအုပ်တချို့ပေးတယ်။ ရှောင်းကျန့် ဟို ဒီလျှောက်လှန်ကြည့်ပြီးတာနဲ့ စိတ်ဝင်စားမှု လျော့နည်းသွားတယ်။ သူ့စိတ်ထဲမှာ သူဟာ "ပိုင်ဖန်းယောင်"လို အခြေအနေမျိုး ဘယ်တော့မှ ထပ်တွေ့ရတော့မှာမဟုတ်ဘူးလို့ တွေးတယ်။ ပြီးသွားတဲ့ကိစ္စတွေအပေါ် ကိုယ့်ကိုကိုယ် နှစ်မြှုပ်ထားတာက မကောင်းဘူးဆိုတာ သူသိတယ်။ ပြီးတော့ သူလိုချင်တာ အဲ့လိုမဟုတ်ဘူး။ ဒီနှစ်ကို အသုံးချပြီး အနာဂတ်အတွက် ဆုံးဖြတ်ချက်ချတယ်။ သူ အိမ်မှာ တနှစ်လောက် နားနေချင်တဲ့အကြောင်း လူဆိုးကောင် သိသွားရင် သူ့ကို ကန်ထုတ်မလားဆိုတာကိုသာ သူ မသိတာ။

ဒီလိုလူကို ထားချင်တဲ့ အေဂျင်စီမှ ဘယ်မှာမှ ရှိမှာ မဟုတ်ဘူးလို့ တွေးရင်း သက်ပြင်းချလိုက်မိတော့တယ်။

ဒီကာလမှာ ကျန်းကျားချင်၊ ကျိုးအန်ဟဲတို့နဲ့ သူ ညစာ သွားစားဖြစ်တယ်။ တိုက်တိုက်ဆိုင်ဆိုင် သူတို့ ၃ ယောက်လုံး ပိုင်ရှီမှာ ရှိနေချိန်ဖြစ်တယ်။

ရှောင်းကျန့်က အချိန်ကို သေချာပြောပြီး ဝမ်ရိပေါ်ကို ကြိုပြောထားတယ်။

ပြောရမယ်ဆိုရင် ဒရာမာပြီးကတည်းက သူတို့ တခါမှ မတွေ့ဖြစ်သေးဘူး။ ကျန်းကျားချင်က တကယ်ကို အလုပ်ကြိုးစားသူ စံပြ အမျိုးသမီး သရုပ်ဆောင်ဖြစ်တယ်။ ဒရာမာအသစ်မှာ ပါဝင်ဖို့ တရားဝင်ကြေညာပြီးသွားပြီမို့ ဂရုအသစ်မှာ ရိုက်ကွင်းစဖို့ စောင့်နေတာဖြစ်တယ်။ ကျိုးအန်ဟဲကတော့ ငယ်ငယ်ရွယ်ရွယ် ကောင်လေးချောချောလေးတွေချည်းပါတဲ့ variety show အသစ်မှာ ပါဝင်နေပြီး တပတ်ကို ၃ ရက် ရိုက်ရတယ်။ အခု လေးပတ် ရိုက်ပြီးသွားပြီဖြစ်တယ်။ သူတို့ သုံးယောက်ထဲမှာ ရှောင်းကျန့်တယောက်တည်းကသာ ဘာဇာတ်လမ်းအသစ်မှ မရှိ၊ ဘာ show မှ မရှိပဲ လေလွင့်နေတာဖြစ်တယ်။ ဒါပေမဲ့ သူ ကြော်ငြာလက်ခံရိုက်ကူးရတယ်ဆိုတော့ ကျန်းကျားချင်က အံ့ဩနေတယ်။

Lion Heart ||Completed||Where stories live. Discover now