သူတို့နှစ်ယောက် ဘာတွေ ပြောကြတယ်မသိ။ အသံကတော့ ဘာသံမှ မကြားရဘူး။ ရှောင်းကျန့် အိပ်ရာပေါ်မှာထိုင်ရင်း တဖက်နံရံကို နားနဲ့ကပ်လို့ အကြာကြီး နားထောင်ကြည့်တယ်။ ဝမ်ရိပေါ် ပြန်သွားပြီလား၊ မပြန်ရသေးဘူးလားတောင် သူမသိဘူး။
အခုလို စဉ်းစားကြည့်လိုက်တော့ ဟိုတယ်ခန်းရဲ့ အသံလုံစနစ်က အတော်ကောင်းတာပဲ။
*
"ပိုင်ဖန်းယောင်"ရိုက်ကွင်းအတွက် တည်ဆောက်မှုက လေးနိုင်ငံပါဝင်တယ်။ ပြီးတော့ လမ်းပေါ်က အခန်းတွေ၊ ဆိုင်တွေ၊ ကျေးလက်ရိုးရာနဲ့ အဖွဲ့လိုက် အဝတ်အစားတွေ။ ကုန်ကျမှုက ကြီးတယ်။ ဒါရိုက်တာဟာ နိုင်ငံတခုချင်းစီရဲ့အခန်းတွေကို သေချာတည်းဖြတ် ရိုက်ကူးနေတယ်။
ရှောင်းကျန့် သူ့ရဲ့ နောက်ပိုင်းရက် Schedule တွေကို လိုက်ကြည့်ကြည့်တယ်။ သူ့အခန်းတွေက လက်ထောက်ဒါရိုက်တာကျန်းရဲ့အဖွဲ့ B မှာ ပိုများတယ်။ အဲ့တော့ အခုလောလောဆယ်မှာ သူ လုရှို့မင်နဲ့ တွေ့စရာ မလိုဘူး။
သူ့မှာ လုရှို့မင်ကို ဂရုစိုက်နေစရာ အချိန်မရှိဘူး။ လဲ့ယောင်ရဲ့ ဘဝအဖြစ်ဆိုးဟာ သူ့မွေးသမိခင်ရဲ့ ကျိန်ဆိုမှုတွေကြောင့်ဖြစ်တယ်။ လဲ့ယောင်ရဲ့အမေဟာ ရှန်းပြည်ထောင်ရဲ့ အမြင့်မြတ်ဆုံး တော်ဝင်မင်းသမီးဖြစ်တယ်။ ဒါပေမဲ့ ဟိုင်းပြည်ထောင်ရဲ့ မင်းသားနဲ့ ချစ်ကြိုက်သွားခဲ့တယ်။ ဒါပေမဲ့ ပိုင်ဝုရဲ့အဖေက သူမကို မုဒိန်းကျင့်လိုက်လို့ လဲ့ယောင်ကို ကိုယ်ဝန်ရှိသွားတယ်။ ဒါဟာ လဲ့ယောင်ရဲ့ဘဝ အဖြစ်ဆိုးအစပဲ ဖြစ်တယ်။ လဲ့ယောင်အပေါ်ထားတဲ့ သူမခံစားချက်က အမုန်းတရားတွေသာဖြစ်ပြီး အမြဲတမ်း ကျိန်ဆဲနေခဲ့တယ်။
လဲ့ယောင်ရဲ့ ကလေးဘဝက အစွန်းနှစ်ဘက်ရောက်ခဲ့ရတယ်။ သူ့အမေဟာ ကြင်နာတဲ့အချိန်မှာတော့ အကောင်းဆုံးသောမိခင်ပဲ။ အဲ့အချိန်မှာဆို သူ့နှလုံးသားရဲ့ နတ်ဘုရားမဖြစ်ပြီး သူ့အမေ စိတ်ဖောက်ရင်တော့ လဲ့ယောင်ကို နှိပ်စက်ပြီး ကျိန်ဆဲတယ်။ တကယ်တော့ သူမွေးလာတာကိုက အပြစ်ကြီးတခုပါပဲ။
ငယ်ရွယ်စဉ်ဘဝမှာ ထက်မြက်ပြီး ပျော်ပျော်နေတတ်တဲ့ကလေးကနေ နောက်ပိုင်းမှာ အဖြစ်ဆိုး ကြုံခဲ့ရတယ်။ လဲ့ယောင်ကာရိုက်တာမှာ ကြီးမားတဲ့ အတွေ့အကြုံကြီး နှစ်ခု ကြုံရတယ်။ အဲ့ထဲက တခုဟာ သူ့အမေ သေဆုံးချိန် ဖြစ်တယ်။
YOU ARE READING
Lion Heart ||Completed||