- 47 -

4K 610 41
                                    

ဝမ်ရိပေါ် ခါးပြန်မတ်တဲ့ထိ သူ ငေးကြည့်နေမိတယ်။

သူတို့နှစ်ယောက်ကြား အဝေးကြီးဝေးနေပေမဲ့ ရှောင်းကျန့်ပုံစံက ထိတ်လန့်သွားတဲ့ ငှက်ကလေး တကိုယ်လုံး အမွှေးတွေ ဖွာနေသလို မြင်ရတယ်။ သူ ဘာတွေ လုပ်မိတယ် သူ မသိဘူး။ သူ့အတွေးထဲမှာရှိတဲ့ တခုတည်းသောအတွေးက ဒီနေရာကနေ အမြန် ထွက်သွားဖို့ပဲ။

သူ့နှလုံးသားထဲမှာ ဖန်ကွဲစတခု စိုက်နေသလိုမျိုး။ သူ့ခေါင်းထဲမှာ ဘာမှမရှိဘူး။ သူ လူကြားထဲက တိုးထွက်သွားတယ်။ ဖြတ်သွားမိသမျှလူတွေကအစ သူ့အာရုံထဲမှာ ဝေဝါးနေတယ်။ လူတိုင်းက သူ့ကို ကြည့်ပြီး ပြန်လှည့်သွားကြတယ်။

ရှောင်းကျန့်စိတ်ထဲ သူဟာ စာရွက်ပါးလေးတရွက်လိုပဲ။ ကမ္ဘာကြီးရဲ့ အက်ကွဲရာကနေ တိုးထွက်လာရသလိုမျိုး။ ဓါတ်လှေကား ပိတ်သွားတဲ့အချိန်မှာ ဆူညံနေတဲ့ကမ္ဘာကြီး ပျောက်ကွယ်သွားတယ်။ ဓါတ်လှေကားပိတ်သံ တင်ခနဲဆိုတဲ့အသံမှာ သူ့နှလုံးသားကပါ လိုက်တုန်ခါသွားတယ်။

အောက်ထပ် ကားပါကင်မှာ အန်ကယ်ချန်းက ထုံးစံအတိုင်း စောင့်နေတယ်။ ရှောင်းကျန့် ခေါင်းငုံ့လို့ တံခါးကို ဆွဲဖွင့်လိုက်တယ်။

"အန်ကယ်ချန်း။ တောင်းပန်ပါတယ်။ ဒီနေ့ လိုက်ပို့စရာမလိုဘူး။ ကျနော့်ဘာသာ မောင်းပြန်မယ်"

"ဟမ်? ဒါပေမဲ့..."

"တခုခုဖြစ်ရင် ကျနော် တာဝန်ယူပါ့မယ်။ ဒုက္ခပေးမိပြီ"

အန်ကယ်ချန်းက ကားထဲက မထွက်ခင် ခဏလောက် တွေဝေနေသေးတယ်။ ရှောင်းကျန့်က ကားနောက်တံခါးကို ဖွင့်ပြီးတာနဲ့ အထဲဝင်လိုက်တယ်။

ရင်းနှီးနေတဲ့ အခန်းပိတ်နေရာတခုကို ဝင်လိုက်ရတဲ့အခါ ရုတ်တရက်ကြီး သူ့တကိုယ်လုံးက တုန်ယင်လာတယ်။ သတိထားမိတဲ့အချိန်မှာတော့ သူ့လက်ဖဝါးနဲ့ မျက်ရည်တွေကို စမ်းမိတယ်။

ဒါဟာ ဒီမနက် ရိုက်ခဲ့ရတဲ့ ရိုက်ကွင်းက အရမ်းခက်လို့ပဲ နေပါလိမ့်မယ်။

ရှောင်းကျန့် သူလက်ဖဝါးပေါ်က စိုစွတ်စွတ်အရာတွေကို ကြည့်နေမိတယ်။ အဲ့ဒီ့နောက် နှုတ်ခမ်းတဖက်ကို တွန့်ကွေးလို့ ကိုယ့်ကိုကိုယ်‌ လှောင်ချင်တဲ့အပြုံးမျိုး ပြုံးလိုက်တယ်။

Lion Heart ||Completed||Where stories live. Discover now