- 67 -

3.7K 547 36
                                        

ရှောင်းကျန့်ဖုန်း အသိမ်းခံထားရတာ သိကတည်းက ဝမ်ရိပေါ် ရှောင်းကျန့်ကို ဆက်သွယ်ဖို့ ဘယ်တော့မှ မကြိုးစားခဲ့ဘူး။

ဒါပေမဲ့ ရှောင်းကျန့်ဆီ ဖုန်းပြန်ရောက်သွားပြီး ရှောင်းကျန့်က သူ့ဆီ ဆက်သွယ်မလာတာ သိလိုက်ရတဲ့အခါ ဝမ်ရိပေါ် စိတ်ဆိုးမိပြန်တယ်။

သူ စူပုပ်ပုပ်နဲ့ အရက်နှစ်ခွက် သောက်လိုက်တယ်။ ရှောင်းကျန့်က သူ့ကို ဆက်သွယ်မလာသလို မန်နေဂျာနဲ့ လက်ထောက်ဆီကလည်း ဘာသတင်းတင်ပြမှုမှ မရှိဘူး။ သူ့မှာ အချစ်နာကျနေတာကို ဘယ်လို ကုစားရမှန်းကို မသိဘူး။

Fansite admins တွေ ရှောင်းကျန့်ကို ဓါတ်ပုံဝိုင်းရိုက်တာက သူ့ကို စိတ်ဆိုးစေတာပဲ ရှိတယ်။ စွန်လေး လွှတ်တင်လိုက်သလိုပဲ။ လူတိုင်းရဲ့ အာရုံကို ဆွဲဆောင်သွားတယ်။

သူ ရန်ဖြစ်ရတာ မကြိုက်ဘူး။ ဒါပေမဲ့ စစ်အေးတိုက်ပွဲတွေကို ပိုတောင် မကြိုက်ဘူး။

*

ဝမ်ရိပေါ်ရဲ့ဖုန်း ဝင်လာချိန်မှာ ရှောင်းကျန့် ဟင်းချက်နေတာဖြစ်တယ်။

ဧည့်ခန်းထဲက စားပွဲပေါ်မှာ ဖုန်းက တုန်ခါနေတယ်။ ပြုတ်ကျတော့မလို ဖြစ်တဲ့အချိန်မှာ သူ အမြန် ပြေးကိုင်လိုက်တယ်။ အဲ့လိုနဲ့ တဖက်က ငြူစူတဲ့အသံကို သူ ကြားလိုက်ရတော့တာပဲ။

"ဖုန်းကိုင်တာ ဘာလို့ အဲ့လောက် နောက်ကျရတာလဲ?"

"အယ်....."

သူ ခေါင်းငုံ့လို့ သူ့လက်ကို အေပရွန်ခါးစည်းနဲ့ သုတ်လိုက်တယ်။

"ငါ ဟင်းချက်နေလို့"

"ဟင်းချက်နေတာ? မင်းဘာသာမင်း တကယ်ချက်နေတာလား?"

ဝမ်ရိပေါ်ရဲ့ မျက်လုံးတွေ ပြူးကျယ်သွားတယ်။

"ဘာလို့ မှာမစားတာလဲ?"

"ငါ မချက်နိုင်တာ မဟုတ်ပါဘူး"

ရှောင်းကျန့်က ခပ်တိုးတိုး ရေရွတ်တယ်။ ဖုန်းကို လက်တဖက် ပြောင်းကိုင်ပြီး ကျန်လက်ကို အေပရွန်နဲ့ သုတ်နေပြန်တယ်။

"ငါ မင်းချက်တာ တခါမှ မမြင်ဖူးဘူးလေ"

"အဲ့ဒါဆို ငါ.... မင်းကို ဓါတ်ပုံရိုက်ပြရမလား?"

Lion Heart ||Completed||Where stories live. Discover now