ရှောင်းကျန့် တကယ်လန့်သွားတာဖြစ်တယ်။
အပြင်မှာ လူတွေ အများကြီးပဲ။ အကယ်၍များ ဒီလူဆိုးကောင်က ဒီနေရာမှာ မဟုတ်ကဟုတ်ကတွေ လုပ်ချင်ရင် ကောလဟလတွေက အတောင်ပံပါသလိုမျိုး မိုးပေါ် ပျံတက်သွားလိမ့်မယ်။
ဝမ်ရိပေါ်က ပြောပြီးတာနဲ့ သူ့ကို တံခါးရှိရာ ဆွဲခေါ်ဖို့လုပ်တယ်။ ရှောင်းကျန့် ခပ်ကြမ်းကြမ်း ရုန်းထွက်လိုက်တယ်။
"ဝမ်ရိပေါ်! လျှောက်လုပ်မနေနဲ့"
သူ့မျက်နှာက ဖြူဖတ်ဖြူလျော် ဖြစ်နေတယ်။ လော့ချထားတဲ့တံခါးဟာ ဝမ်ရိပေါ်လက်ထဲမှာ ဆွဲဖွင့်ခံလိုက်ရတယ်။
တံခါးဖွင့်သံ "ကလစ်"ဆိုတဲ့အသံနဲ့အတူ ဝမ်ရိပေါ်က သူ့လက်ကို ဆုပ်ကိုင်လို့ သူရှိရာ ဆွဲခေါ်ပြီး အပြင်ကို တွန်းထုတ်လိုက်တယ်။
ရှောင်းကျန့်ရဲ့အသံတွေက လည်ချောင်းမှာ တစ်ဆို့သွားတယ်။ သူ့မျက်နှာကို ဖုံးအုပ်ထားချင်တဲ့အတွေးနဲ့အတူ ဒီကနေ အမြန်ထွက်ပြေးသွားဖို့ အတွေးတွေက သူ အပြင်ကို ခြေတလှမ်း ထွက်လိုက်တာနဲ့ တပြိုင်နက် အော်ဟစ်ဆူပူလိုက်ချင်တာတွေဟာ အသံတိုလေးအဖြစ် ပြောင်းသွားပြီး မေးခွန်းသံလေး ထွက်သွားတယ်။
"..... အယ်?"
အပြင်မှာ ဘယ်သူမှ မရှိဘူး။
သူ့လက်နဲ့ ခြေထောက်တွေမှာ အားမရှိတော့သလိုပဲ။ သူ နောက်လှည့်လို့ ဝမ်ရိပေါ်ကို ကြည့်လိုက်တယ်။ ဝမ်ရိပေါ်က တံခါးဘောင်ကို မှီရပ်ရင်း သူ့နှာတံကို လက်ညိုးလေးနဲ့ ဖွဖွပွတ်တယ်။
"အကုန်လုံး အစည်းအဝေးသွားကြတယ်။ အရူးလေးရဲ့"
ရှောင်းကျန့်က ခဏလောက်တော့ မင်သက်သွားတယ်။ အဲ့ဒီ့နောက် သူ့လက်သီးဆုပ်လေးတွေနဲ့ ထုရိုက်တဲ့အခါ ဝမ်ရိပေါ်က သူ့ကို တင်းတင်းကြပ်ကြပ် ဖက်လိုက်တယ်။
"CCTV တွေ ရှိသေးတယ်... ရှူး လုံခြုံရေးတွေ ရောက်လာမှာ မကြောက်ဘူးလား?"
ဝမ်ရိပေါ်က ရှောင်းကျန့်ရဲ့ mask ကို ပြန်တပ်ပေးတယ်။ အဲ့ဒီ့နောက် ဓါတ်လှေကားရှိရာ တွန်းခေါ်သွားတယ်။ သူတို့ ဓါတ်လှေကားထဲ ရောက်တဲ့အထိ ရှောင်းကျန့်ရဲ့ စိတ်တွေက တဖျစ်ဖျစ် တောက်လောင်နေတုန်းပဲ။ သူ့မျက်စိရှေ့က ဓါတ်လှေကားခလုတ်တွေကို ကြည့်ရင်း မြေအောက်ထပ်ကို နှိပ်လိုက်တယ်။ ဝမ်ရိပေါ်က အပိုလုပ်တဲ့အသံလေးနဲ့ အံ့ဩသလိုပြောတယ်။
YOU ARE READING
Lion Heart ||Completed||