- 73 -

3.3K 506 19
                                    

ဒုတိယညမှာ နှစ်ယောက်သား မနက်အစောကြီး မြစ်ဘေး လမ်းလျှောက်ကြတယ်။ ကိကိုက အားလီကို ယန်းမေအကြောင်း မေးတယ်။

အားလီ : သူက သူ့ကမ္ဘာထဲမှာပဲ သူနေတဲ့ ခေါင်းမာတဲ့ မိန်းကလေး။ ငါ သေချာမှတ်မိတာတခုက ငါတို့ အသက် ၁၃ နှစ်လောက်မှာ ငါ့အဖေဆုံးသွားခဲ့တယ်။ ငါတို့မြို့မှာ ငါ့အမေက အဖေ့အလောင်းကို သယ်နိုင်စွမ်း မရှိဘူး။ အဲ့တော့ နာရေးတခုလုံးကို ရွာထဲက အသက်ကြီးကြီး ဦးလေးကြီးနဲ့ ငါပဲ လုပ်ခဲ့ရတယ်။ အဲ့နေ့တနေ့လုံး ငါ မှိုင်တွေနေခဲ့တယ်။ နာရေးအခမ်းအနားတွေက ရှုပ်ထွေးတယ်။ ငါ အဝတ်ဖြူဝတ်ပြီး ငါ့အဖေရဲ့ သေဆုံးဝိဉာဉ်ကို ပို့ဆောင်ခဲ့ရတယ်။ နောက်ဆုံးငွေစက္ကူကို မီးရှို့ပြီးတဲ့အချိန်မှာ လူကြီးတွေက ငါ့ကို အဖေ့ရဲ့ ဓါတ်ပုံသယ်ဖို့ ပြောတယ်။ ပြီးတော့ နောက်လှည့်မကြည့်ပဲ မြန်မြန်ပြေးပါတဲ့။ အမြန်ဆုံး ပြေးနိုင်လေ ရှင်ကျန်ရစ်သူတွေအတွက် ပိုပြီးပျော်ရွှင်ရလေတဲ့။

အားလီ : အဲ့ဒီ့နေ့မှာ ငါ မငိုခဲ့ဘူး။ ဒါပေမဲ့ ငါ ပြေးဖို့ခြေလှမ်းစတဲ့အချိန်မှာ ငါ့မျက်ရည်တွေ ရုတ်တရက် ကျလာတယ်။ လူကြီးတွေရဲ့ စကားကို ငါသတိရတာမို့ နောက်ကို လှည့်မကြည့်ရဲခဲ့ဘူး။ နောက်ဆုံးစည်းကို ကျော်တဲ့အထိ ငိုရင်း ပြေးသွားခဲ့တယ်။

ကိကို : ပြီးတော့ ဘာဖြစ်လဲ?

အားလီ : သူ့ကို လူကြီးတွေက ဆူကြတယ်လေ။ ဒါပေမဲ့ ငါ့ကို ဆွဲခေါ်ပြေးတဲ့ကောင်မလေးအကြောင်းကို ငါ အမြဲတွေးခဲ့တယ်။ လူကြီးတွေက ပြောကြတယ်။ နောက်ကို လှည့်မကြည့်ပဲ ရှေ့ကို ဆက်ပြေးနေသရွေ့ အဆုံးသတ်ပျော်ရွှင်မှုကို ရောက်နိုင်တယ်တဲ့။

ကိကို : ဇာတ်လမ်းလေးအတိုင်းပဲနော်။ ကလေးဘဝ ငယ်ချစ်ဦးဇာတ်လမ်းလေး။

အားလီ : သူက ငါ့ကမ္ဘာအတွက် နေမင်းကြီးလိုပဲ။ ဒါပေမဲ့ ငါက မိုးရွာတဲ့ကံကြမ္မာနဲ့ မွေးဖွားလာတာလေ။ ပြီးတော့ ငါက မိုးရွာတဲ့နေ့တွေကို ချစ်တယ်။

နှစ်ယောက်သား အချစ်အကြောင်း ပြောဖြစ်ကြပြန်တယ်။

အားလီ : ဆန့်ကျင်ဘက်လိင်နဲ့ အသားချင်းထိတွေ့ရတာက မင်းအတွက် မနှစ်မြို့စရာဖြစ်နေလား?

Lion Heart ||Completed||Where stories live. Discover now