"ရှောင်းကျန့်!"
ဒါရိုက်တာကျန်းက သူ့ကို အဝေးကနေ လက်လှမ်းပြတယ်။ ရှောင်းကျန့်က သူ့လက်ကို တဘက်နဲ့ အမြန်သုတ်ပြီးတာနဲ့ လျှောက်သွားလိုက်တယ်။ သူ အနားရောက်တဲ့အခါ ဒါရိုက်တာကျန်းဘေးမှာ ထိုင်နေတဲ့လူကို သူတွေ့လိုက်ရတော့တယ်။
"ဒါ ကောင်းကျို့။ ဒါရိုက်တာကောင်း"
အကောင်းဆုံး ဒါရိုက်တာဆုကို ၃ ခု ရထားတဲ့အပြင်၊ first batch of producres, and the sixth generation independent directors စသဖြင့် သူ ရိုက်သမျှ ဇာတ်ကားတွေအတွက် ခဏခဏ ချီးကျူးခံရသူ ဒါရိုက်တာ ကောင်းကျို့ဖြစ်တယ်။
ရုပ်ရှင်ကြည့်ရတာ ကြိုက်သူမှန်သမျှ၊ သူ ရိုက်ထားတဲ့ ရုပ်ရှင်တွေ မကြည့်ဖူးသေးပါဘူးဆိုရင်တောင် သူ့နာမည်ကို မသိတဲ့သူ မရှိဘူး။
ဒီလိုလူကို ရှောင်းကျန့်က ဘယ်လိုလို့ မသိပဲ နေပါ့မလဲ? သူ ကျောင်းတက်တုန်းက ဒါရိုက်တာကောင်းရဲ့ "Water Moon" ဆိုတဲ့ကားကြည့်ဖူးတယ်။ သူ နောက်ကို ခြေလှမ်းတလှမ်းဆုတ်ပြီး ခေါင်းညိတ်ပြလိုက်တယ်။
"ဟလို ကျနော်က ရှောင်းကျန့်ပါ"
သူ လက်ဆွဲနှုတ်ဆက်ဖို့ လက်ကို တဝက်လောက်ပဲ ထုတ်ရသေးတယ်။ စောစောက ငါးကိုင်ထားတာကို သတိရသွားတာမို့ ရှက်ရှက်နဲ့ ပြန်နောက်ဆုတ်ပြီး ဘေးက ဒါရိုက်တာကျန်းကို ကြည့်လိုက်တယ်။
"ကျနော့်လက်က ငါးညှီနံ့နံ..."
အားလုံး ရယ်လိုက်ကြတော့တယ်။
"တူတယ်ထင်လား?"
ကျန်းဟိုင်ရှန်းက သူ့ကို လက်ညိုးထိုးပြီး ကောင်းကျို့ကို ကြည့်တယ်။ ရှောင်းကျန့်က သူတို့ကို အူလည်လည်လေး ကြည့်နေမိတယ်။
ကောင်းကျို့က ရှောင်းကျန့်ကို သေချာကြည့်တယ်။ အဲ့ဒီ့နောက် သူ့လက်ဖဝါးနဲ့ လေထဲမှာ ရှောင်းကျန့်မျက်နှာကို တဝက်ကွယ်ပြီး မျက်လုံးလေးပဲ သူ့အမြင်ဘက်မှာ ချန်ထားတယ်။
ရှောင်းကျန့်က သူ့ကို ကြည့်နေရင်း မျက်တောင်ကို ပုတ်ခတ် ပုတ်ခတ်လုပ်တယ်။
ဒါရိုက်တာကောင်းက သူ့လက်ကို ပြန်ချပြီး မတ်တပ်ရပ်လို့ ကျန်းဟိုင်ရှန်းရဲ့ပခုံးကို ပုတ်တယ်။
YOU ARE READING
Lion Heart ||Completed||