- 61 -

3.8K 576 25
                                    

ရှောင်းကျန့်စိတ်ထဲ သူဟာ အလုံးစုံ ကွဲကြေသွားရသလိုပဲ။

အဏုမြူလက်နက်ကြီးဟာ သတိမပေးပါပဲ ပစ်ချခံလိုက်ရတယ်။ ဘာကြိုတင် ပြင်ဆင်ထားမှုမှမရှိ။ အဲ့တော့ မိသားစု ၃ ယောက်လုံး ညဘက် ကောင်းကောင်းအိပ်မပျော်ခဲ့ဘူး။

ရှောင်းမာမားက အိမ်ထဲ ရောက်တာနဲ့ ရှောင်းပါပါးကို အပြင်မထွက်ဖို့ ပြောတယ်။ အဲ့ဒီ့နောက် ရုတ်တရက်ကြီး ငိုချတော့တယ်။

မေးခွန်းနဲ့အဖြေတွေကြားကာလမှာ ရှောင်းပါပါးက အကြောင်းရင်းကို သိသွားပြီး အခြေအနေက အေးစက်သွားတယ်။

ဘယ်သူမှ သောင်းကျန်းတာမျိုး မရှိဘူး။ ရှောင်းကျန့်က အခန်းထဲမှာ တိတ်တိတ်လေး ဝင်ပုန်းနေတယ်။ ဒါပေမဲ့ သူ့စိတ်ထဲမှာတော့ ဗီလိန်ဇာတ်ကောင်နှစ်ခု တိုက်ခိုက်နေသလိုပါပဲ။ သူမှတ်မိသမျှ ကလေးဘဝက အကြောင်းအရာတချို့ကို ဆွဲထုတ်ကြည့်တယ်။ နောက်ပိုင်းမှာ သူ Crush ခဲ့တဲ့လူအကြောင်း၊ နောက်ပြီးတော့ သူ့ရဲ့ ex အကြောင်းနဲ့ ဝမ်ရိပေါ်အကြောင်းတွေပေါ့။

သူ ၃ နာရီလောက်ထိ တွေးတောနေခဲ့ပြီး ဗိုက်ဆာတာမို့ အောက်ထပ်ဆင်းလာတဲ့အခါ သူ့အဖေနဲ့ အမေဟာ အောက်ထပ်ကဆိုဖာပေါ်မှာ ထိုင်လျက်ရှိနေတာကို မြင်လိုက်ရတယ်။

သူ့အမေရဲ့ မျက်ဝန်းရဲရဲတွေကို ကြည့်ပြီး နောင်တတွေ တသီတတန်းကြီးက သူ့ရင်ထဲ နွယ်လို တိုးတက်လာခဲ့တယ်။

ရှောင်းမာမားက ကျန်သေးတဲ့ထမင်းနည်းနည်းကို သူ့အတွက် ဆန်ပြုတ် ပြုတ်ပေးတယ်။ အပြင်လောကမှာ မဲမှောင်နေပြီး မိသားစုဟာ ထမင်းစားပွဲမှာ အတူတူ ထိုင်လိုက်ကြတယ်။

ရှောင်းမာမားက သိပ်မစားချင်ဘူး။ သူမဟာ မျက်နှာချင်းဆိုင်ကလူကို တချိန်လုံး ခိုးကြည့်နေတယ်။ ရှောင်းကျန့်မှာ အရမ်းဗိုက်ဆာနေပေမဲ့ ဒီလိုအခြေအနေမျိုးမှာ သူ နည်းနည်းတောင် မျိုမချနိုင်ဘူး။

ရှောင်းပါပါးက စားပြီးတာနဲ့ ချောင်းတချက်ဟန့်တယ်။

ရှောင်းကျန့် တကိုယ်လုံး ကြက်သီးတွေ ထသွားတယ်။ ဒါဟာ စကားပြောဖို့အစပြုတာမှန်း သိတာမို့ သူ့လက်ထဲက ဇွန်းကို အောက်ချလိုက်တယ်။

Lion Heart ||Completed||Where stories live. Discover now