ရှောင်းကျန့်က လက်ပြန်မကမ်းခင်မှာ ဝမ်ရိပေါ်က ချန်ချန်းဝမ်ရဲ့လက်ကို ပုတ်ထုတ်ပစ်တယ်။
"ဟ--"
ချန်ချန်းဝမ်က သူ့လက်ကို ကာတယ်။
"ဖအေကို ပြန်ရိုက်ရလား?"
"ပြန်ပြောစမ်း"
ဝမ်ရိပေါ်က ထပ်ရိုက်မယ်လုပ်တဲ့အခါ ချန်ချန်းဝမ်က ခပ်သွက်သွက် ရှောင်တယ်။
"မင်းလက်ကြီးက ဖယ်စမ်းပါ"
ချန်ချန်းဝမ်က ပြောရင်း ရှောင်းကျန့်ဘက်လှည့်ကြည့်ပြီး ရယ်ပြတယ်။
"ကောလည်း သူ့ကို သီးခံနိုင်တယ်လား"
ရှောင်းကျန့်က မျက်တောင်ကို ပုတ်ခတ် ပုတ်ခတ်လုပ်တယ်။ ဒီလိုအခြေအနေမျိုးကို ကြုံရတာ ဒါပထမဆုံးပဲ။ သူ ဝမ်ရိပေါ်ကို ကြည့်လိုက်တယ်။ ဝမ်ရိပေါ်က ခေါင်းငုံ့ထားရင်း သူ့နှာတံကို လက်ညိုးနဲ့ ခပ်ဖွဖွ ပွတ်တယ်။
ရှောင်းကျန့် စဉ်းစားကြည့်တယ်။ ဝမ်ရိပေါ်ရဲ့ ပါးစပ်ထဲမှာ၊ ချန်ချန်းဝမ်ရဲ့ မျက်လုံးထဲမှာ သူဟာ ဘယ်လိုတည်ရှိမှုမျိုးလဲ?
သူ ဘာမှမသိတာမို့ ဒီအတိုင်းပဲ ခပ်သာသာပြုံးပြလိုက်တယ်။ ဘာမှတ်ချက်မှ မပေးတော့ဘူး။
"ဟေး Ableson ရော ဘယ်လိုလဲ။ သူ ပြောတော့ တရုတ်ကို ပြန်ရောက်နေပြီဆို။ မင်းကို ဆက်သွယ်သေးလား?"
"ငါ မေးပြီးပြီ။ ခရီးစဉ် ဖျက်လိုက်ရလို့တဲ့။ မင်း ပြင်သစ်ပြန်သွားမှ သူ ပြန်လာမယ်တဲ့"
"နှမြောစရာပဲ။ အကုန်လုံး တခါလောက် အတူတူ လက်ဆုံစားဖြစ်ရင် ကောင်းမှာ"
"Fuck you"
ဝမ်ရိပေါ်က ပြောရင်း ချန်ချန်းဝမ်ကို ကန်လိုက်တယ်။
ခဏလောက်အကြာမှာ ဖန်းချန်က တံခါးခေါက်လာတယ်။ ရှောင်းကျန့် ရိုက်ကွင်းကို ပြန်သွားရမယ့်အချိန် ရောက်ပြီဖြစ်တယ်။
ချန်ချန်းဝမ်က သူ့ကို အဓိပ္ပါယ်ပါပါနဲ့ နောက်ရက် တွေ့ကြမယ်လို့ နှုတ်ဆက်တယ်။
လေဆိပ်ကို သွားတဲ့လမ်းမှာ ဖန်းချန်က ရှောင်းကျန့်ကို PF နဲ့ ကြော်ငြာရိုက်ရမယ့်နေ့က ဂျူလိုင်လ ၁၈ ရက်နေ့၊ ပြင်သစ်မှာဖြစ်ကြောင်း တင်ပြတယ်။
YOU ARE READING
Lion Heart ||Completed||