- 72 -

3.6K 470 9
                                        

ရှောင်းကျန့်နဲ့ ဟဲရှိရိုး ပထမဆုံးတွေ့တဲ့အခန်းကို ကိကိုရဲ့အခန်းမှာ ရိုက်တယ်။ ကိကိုနဲ့ အားလီကို ယန်းမေက အထင်လွဲတဲ့အခန်းဖြစ်တယ်။

ကောင်းကျို့က အရင်ရိုက်ကွင်းရဲ့နောက်ခံကာလာကို ပြောင်းပစ်တယ်။ နောက်ခံကာလာဟာ ပြာမှိုင်းမှိုင်းနဲ့ မီးခိုးရောင်တွေ ရောနေပြီး ဒီအခန်းကို ပြသဖို့ အနီရဲရဲတွေ သုံးထားတယ်။ အလင်းရောင်ဟာ ပြတင်းကန့်လန့်ကာတွေကြားကနေ တိုးဝင်လာတယ်။ အခန်းတခန်းလုံးရဲ့ နံရံတွေဟာ နီရင့်ရင့်ရောင်တွေရဲ့ ရောင်ပြန်ဟပ်မှုတွေအောက်မှာ ရှိနေတယ်။ တခန်းလုံးရဲ့ အခြေအနေဟာ ကင်မရာထဲမှာ ပြင်းထန်နေတယ်။ film lights တွေထဲမှာ အနီရောင်ခပ်ပါးပါးလေးတွေပါ ထပ်ပေါင်းထည့်ထားတယ်။ ကာလာအရောင်ပြကွက်ကိုက ဒီအခန်းဟာ ရုပ်ရှင်တကားလုံးရဲ့ ဇာတ်ရှိန်အတက်ဆုံးအခန်းမှန်း သိသာနေပြီး ယန်းမေနဲ့ အားလီရဲ့ စိတ်အခြေအနေကို ပြသနေတယ်။ သာမာန်ဘဝရဲ့ အခမ်းနားဆုံးနဲ့ အထူးခြားဆုံးအခန်းဖြစ်တယ်။

Prop team က နံရံပေါ်မှာ Kama Sutra ပုံတွေ ကပ်ထားတယ်။ အကြီးဆုံးပုံကြီးက ဆန့်ကျင်ဘက်လိင်နဲ့ဆိုင်တဲ့ပုံတွေဖြစ်ပြီး ကွင်းကွင်းကွက်ကွက် ပြထားတာတွေ မဟုတ်ဘူး။ လိင်တူပုံတွေကိုတော့ အခန်းထောင့်မှာ သေးသေးမွှားမွှားလေးတွေအနေနဲ့ ကပ်ထားတယ်။ ရှောင်းကျန့်က အနီရောင်ပုတီးကန့်လန့်ကာလေးကို ဖွင့်လိုက်တဲ့အခါ သာယာတဲ့အသံလေးတွေ ထွက်လာတယ်။ သူ တံခါးဖွင့်လိုက်ပြီးတာနဲ့ အခန်းထဲကို ဝင်လာခဲ့တယ်။ ဟဲရှိရိုးက အနီရောင်အတွင်းခံဝတ်စုံဝတ်ထားပြီး ကုတင်အစွန်းမှာ ထိုင်နေတယ်။ တကယ့်ကို ကောက်ကြောင်းလှလှနဲ့ ထိုင်နေတာဖြစ်တယ်။

ဒီ scene ရိုက်ရမှာကို သေချာသိထားတယ်။ ရိုက်ကွင်းနေရာမှာ Staff အနည်းငယ်သာ ရှိနေတယ်။ ရိုက်ကွင်းမစသေးတာမို့ တကယ်ဆို မင်းသမီးကို ဖုံးကာပေးထားသင့်တယ်လို့ သူထင်တယ်။ ဟဲရှိရိုးကပဲ မလုပ်ခိုင်းတာလား၊ ဒါမှမဟုတ် ဘေးက Staff တွေကပဲ ဂရုမစိုက်တာလား သူ မသိဘူး။ ရှောင်းကျန့်က အဲ့နားမှာ ရပ်နေရပြီး ဟဲရှိရိုးက သူ့မျက်စိအောက်မှာ ထိုင်နေတယ်။ နည်းနည်းလေးသာ ငုံ့ကြည့်လိုက်ရင် အကုန်လုံးကို မြင်နေရတယ်။ အခန်းကကျဉ်းပြီး နံရံပေါ်က ပုံတွေက ရှက်ဖို့ကောင်းနေတယ်။ အဲ့တော့ သူ့မှာ အခန်းထဲက တခြားအပြင်အဆင်တွေပေါ်ကိုပဲ အာရုံစိုက်ထားရတယ်။

Lion Heart ||Completed||Where stories live. Discover now