ဝမ်ရိပေါ်က သူ့ရဲ့ ရုတ်တရက် အနမ်းကြောင့် ဘာလုပ်ရမှန်းမသိဖြစ်သွားတယ်။ မျက်ရည်ရဲ့ ငန်ကျိကျိအရသာကို ခံစားမိတဲ့အခါ ခပ်သွက်သွက် တွန်းဖယ်ကြည့်တယ်။
"ဘာဖြစ်လို့လဲ?"
သူ ဒီလူကို ရင်ခွင်ထဲထည့်ပြီး ချော့ချင်ပေမဲ့ မသင့်တော်တဲ့နေရာအနေအထားကြောင့် ဒေါသဖြစ်မိတယ်။
အဲ့ဒါနဲ့ သူ ရှောင်းကျန့်ကို ခါးကဝိုက်ဖက်လို့ ရှေ့ကို တွန်းရင်း ခပ်သွက်သွက် လျှောက်သွားတယ်။
ရှောင်းကျန့်က ရုန်းလည်းမရုန်းသလို ငြင်းလည်း မငြင်းဘူး။ သူ့ကားရပ်ထားတဲ့ ပါကင်နေရာကို ရောက်ဖို့ ကားနေရာ ၂ ခုကျော် လျှောက်လိုက်ရတယ်။
ဝမ်ရိပေါ်က ရှောင်းကျန့်ပခုံးကို ဖိလို့ ကားရှေ့မှာ မတ်တပ်ရပ်ခိုင်းတယ်။ အဲ့ဒီ့နောက် ကားရှိရာလျှောက်သွားပြီး တံခါးကို ဖွင့်လိုက်တယ်။
"ဆင်းတော့"
မျက်လွှာချထားတဲ့ ရှောင်းကျန့်ရဲ့ မျက်ဝန်းတွေက မော့ကြည့်လာတယ်။ ဝမ်ရိပေါ်ရဲ့ကား တဖက်ဘေးထိုင်ခုံကနေ လူ ထွက်လာတာမြင်တဲ့အခါ ပထမဆုံး မျက်နှာချင်းဆိုင် မြင်လိုက်ရတဲ့မျက်နှာကြောင့် သူ အရမ်း ရှက်သွားမိတယ်။
သူ့မျက်ဝန်းတွေ ရဲနေသေးလား သူမသိဘူး။ သူ့မျက်နှာအမူအရာက ပုံမှန်မဟုတ်တာတော့ သေချာတယ်။ သူ ဒီအတိုင်း အေးဆေးတဲ့ပုံ ဟန်ဆောင်ရင်း ပြန်ကြည့်နေမိတယ်။
ကုချိုးက ကားဘေးမှာရပ်ရင်း သူ့ကို အားနာသလို လက်ပြတယ်။
"Hi ~ နေကောင်းလား"
နေကောင်းလား?
လုံးဝ မကောင်းဘူး။
ရှောင်းကျန့်ရဲ့အကြည့်တွေက ဝမ်ရိပေါ်ဆီ ရောက်သွားတယ်။ ဒါ ဘာသဘောလဲ သူနားမလည်ဘူး။ ဒါပေမဲ့ ဝမ်ရိပေါ်က သူ့ကို ကားထဲ ဝင်ခိုင်းတယ်။
ကုချိုးက ကားနောက်ခန်းထဲကို ဝင်သွားပြီဖြစ်တယ်။ ရှောင်းကျန့်က အဲ့နေရာမှာ ခဏလောက် ရပ်နေတုန်းပဲ။ အဲ့ဒီ့နောက်မှာတော့ နှုတ်ခမ်းကို တင်းတင်းစေ့ရင်း ကားထဲဝင်လိုက်တော့တယ်။
YOU ARE READING
Lion Heart ||Completed||