- 83 -

3.3K 503 24
                                    

ဖန်းချန်ကတော့ အရင်အတိုင်း ဝုန်းနေတုန်းဖြစ်တယ်။

ဇာတ်ညွှန်းတွေ၊ ကြော်ငြာတွေ၊ အင်တာဗျူးတွေ၊ စုံနေတဲ့အရာတွေဟာ ရှောင်းကျန့်ရှေ့ကို ရောက်လာတယ်။ ဒါပေမဲ့ အခုချိန်မှာ သူကိုယ်တိုင်က သူဌေးတဝက် ဖြစ်နေပြီမို့ ခေါင်းမာနေလို့ မရတော့ဘူး။

သူ စာချုပ်မှာ လက်မှတ်ထိုးဖြစ်မယ့်နေ့မှာ သူ့ရဲ့ အကောင့်တုနဲ့ follow လိုက်ထားတဲ့ bloggers တွေရဲ့အကောင့်တွေ အကုန်လုံးကို unfollow လုပ်လိုက်တယ်။ စစ်ကြေညာလိုက်သလိုမျိုး။ သူကိုယ်တိုင်ရဲ့ အတိတ်နဲ့ လုံးဝ ဖြတ်ချလိုက်တဲ့သဘောဖြစ်တယ်။

ဒါကို ဝမ်ရိပေါ် သတိပြုမိရဲ့လား သူ မသိဘူး။ ဝမ်ရိပေါ်ဟာ လေထဲ ပျောက်ကွယ်သွားသလိုပဲ။ ဘယ်သူမှ သူ့ကို ဆက်သွယ်လို့မရဘူး။

စတူဒီယို စတင်တယ်။ လုပ်စရာတိုင်းအတွက် ဖန်းချန်ရှိနေပေမဲ့ ရှောင်းကျန့်မှာ ထင်ထားတာထက် ပိုအလုပ်ရှုပ်နေခဲ့တယ်။ နေ့လယ်စာ ထမင်းစားချိန်၊ ကော်ဖီသောက်ချိန်လေးတွေမှာ ရတဲ့ နားချိန်လေးတွေတိုင်း ပြတင်းအပြင်က တိမ်ညိုမည်းတွေကို မော့ကြည့်ဖြစ်တယ်။ အားတဲ့အချိန်လေးမှာ အသက်တချက်လောက် ရှူရှိုက်ခွင့်ရလိုက်တာနဲ့ သူ ဝမ်ရိပေါ်ကို လွမ်းတော့တာပဲ။

စဉ်းစားချင်လို့ဖြစ်စေ၊ မစဉ်းစားချင်လို့ပဲဖြစ်စေ။

အရူးအမူးကို လွမ်းမိပါတယ်။

အခုချိန်မှာ ဝမ်ရိပေါ်နဲ့ပတ်သက်ပြီး သူ့ခံစားချက်တွေ ဘာလို့ ဒီလောက်ထိ ရှင်သန်ကြီးထွားလာမှန်း သူကိုယ်တိုင်လည်း နားမလည်ဘူး။

ပြင်သစ်မှာ အတူသွားခဲ့ဖူးတဲ့ ပန်းချီပြခန်းကို လွမ်းတယ်။ အိမ်လေးထဲမှာ အတူတူ အေးအေးဆေးဆေး နေခဲ့တဲ့အချိန်တွေကို လွမ်းတယ်။ ဗာရာနာစီလမ်းပေါ်မှာ အတူသွားခဲ့တာတွေကို လွမ်းတယ်။ ဝမ်ရိပေါ် သူ့အနား ရှိခဲ့တဲ့အချိန်တိုင်းကို လောဘတကြီး လွမ်းမိတယ်။

ကြည့်ရတာ ဝမ်ရိပေါ် ပေးခဲ့တဲ့ ကတိတွေရဲ့ ကျိန်စာဟာ သူ့ကို ဝမ်ရိပေါ်နဲ့ ပတ်သက်သမျှ အမှတ်တရတွေရဲ့ နေရာတခုမှာ အကျဉ်းချထားခဲ့သလိုပါပဲ။ အပြင်လောကရဲ့အသံတွေ အကုန်လုံး ဝင်မလာနိုင်အောင် ပိတ်ပင်ထားတယ်။

Lion Heart ||Completed||Where stories live. Discover now